YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 1

ထာဝရဘုရားသည် ဂျပန်နိုင်ငံအတွက် စစ်မှုကို ပိုင်တော်မူသည်

ဂျပန်နိုင်ငံတွင် လူဦးရေ (၁၂၆) သန်း ရှိပါသည်။ သို့သော်၊ (၀.၃%) သာ ဘုရားကျောင်းပုံမှန်တက်ကြသည်။ မယုံကြည်သူအဦး (၃၀၀) တိုင်းအတွက် ခရစ်ယာန် (၁) ဦးသာ ရှိပါသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဧဝံဂေလိတရားကို မထိရောက်သေးသော ဒုတိယအကြီးဆုံး လူအုပ်စုအဖြစ် စာရင်းသွင်းထားပါသည်။

ဤအမှုကိစ္စသည် အလွန်ကြီးမာသောလည်း ထာဝရဘုရားသည် ဂျပန်နိုင်ငံကို ပိုင်တော်မူသည်။

နေ့ရက်စဉ်တိုင်းမှာ၊ ဝတ်ပြုကိုယ်ကွယ်သော ကျမ်းပိုဒ် (၁) ပိုဒ်၊ နှုတ်ဖြင့်ဝန်ခံရမည် ကျမ်းပိုဒ် (၁) ပိုဒ်နှင့် ဆုတောင်းရမည် ကျမ်းပိုဒ် (၁) ပိုဒ် ရှိပါလိမ့်မည်။ တစ်ရက်ချင်းစီကို စေ့စေ့ဖတ်ရှုပြီး ဆုတောင်းဖို့ လိုသလောက် အချိန်ယူပါ။ ဆုတောင်းညွှန်ချက်များကို အသုံးပြုနိုင်ပါသည်။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို အစိုးရသောမင်း ဖြစ်တော်မူ၏။

ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို အစိုးရသောမင်း ဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာသီချင်းကို ဆိုကြလော့။ (ဆာ၊ ၄၇း၇)

ကိုယ်တော်၊ လူမျိုးတစ်မျိုးသည် မည်သို့အခြနေရှိသည်ဖြစ်ပါစေ၊ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို အစိုးရသောမင်း ဖြစ်တော်မူ၏ဟု ကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည် ဂျပန်တစ်နိုင်ငံလုံးကို အစိုးရသောမင်း ဖြစ်တော်မူ၏ဟု ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း ဝန်ခံကြပါ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ထာဝရဘုရားသည် ဂျပန်နိုင်ငံအတွက် စစ်မှုကို ပိုင်တော်မူသည်။

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာ မဟုတ်၊ ဘုရားသခင့်တာ ဖြစ်၏ (၆ရာ၊ ၂ဝး၁၅)။

အဖဘုရားသခင်၊ ကိုယ်တော်သည် ဂျပန်နိုင်ငံကို ပိုင်တော်မူ၏။ ထာဝရဘုရားသည် ဂျပန်လူမျိုး၏ ဝိညာဉ်များအတွက် စစ်မှုကို ပိုင်တော်မူသည်။ ကိုယ်တော်၏ မြင်မြတ်ခြင်းကို အောက်မေ့သတိရ၍ ဂျပန်နိုင်ငံသည် ကိုယ်တော့်လက်တော်ထံသို့ အပ်နှံပါ၏။

ဆုတောင်းကြကုန်အံ့ - ဘုရားသခင်၏ အလိုတော်နှင့်အညီ ရဲရင့်စွာ ဆုတောင်းနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။

ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟု သိရကြ၏ (၁ယော၊ ၅း၁၄-၁၅)။

အဖဘုရားသခင်၊ နောက်လာမည့် (၁၇) ရက်တာတွင်၊ မိမိနှုတ်ကပတ်တော်မြတ်ကို စေလွှတ်၍ မိမိအလိုတော်မြတ်ကို ပြသနိုင်မည့်အကြောင်း ဆုတောင်းပါ၏။ ဂျပန်နိုင်ငံအတွက် ဘုရားသခင်၏ နှလုံးတော်အကြောင်းကို လေ့လာသောအခါ၊ မိမိအလိုတော်နှင့်အညီ ယုံကြည်ခြင်းရှိရှိ ဆုတောင်းပတ္ထနာပြုနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။

_______________________________



ဂျပန်နိုင်ငံအတွက် အခြားဆုတောင်းအစီစဉ်များနှင့် အခြားသတင်းများကို ပိုမိုသိလိုနေပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ကြည့်ရှုလိုက်ပါ။www.pray4japan.net

နေ့ 2

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။