ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ဘုရားသခင်၏ တန်ခိုးနှင့်တကွ အသက်ရှင်ခြင်း
ဂျပန်နိုင်ငံတွင်၊ ခရစ်ယာန် ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်ပရဟိတအဖွဲ့အမျိုးမျိုး ရှိသည်။ သို့ရာတွင်၊ ဧဝံဂေလိတရား၏ တန်ခိုးနှင့် အံ့ဩဖွယ်သက်သေခံချက်များ သိပ်မရှိပေ။ ဂျပန်ခရစ်ယာန်များသည် အနန္တတန်ခိုးရှင် ထာဝရဘုရားနှင့်အတူ သွားလာလျက် အရာရာ၌ ကိုယ်တော်၏ တန်ခိုးတော်ကို ရရှိခံစားနိုင်မည်အကြောင့် ဆုတောင်းကြပါစို့။
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။
သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည် (ဆာ၊ ၁၄၅း၆)။
ကိုယ်တော်၊ ကျွန်တော်တို့သည် ဝေနေယျသတ္တဝါအပေါင်းတို့နှင့်အတူ ကြီးမြတ်တော်မူခြင်းနှင့် မဟာတန်ခိုးတော်အကြောင်းကို ကြားပြောပါမည်။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ကျွန်တော်တို့သည် သန့်ရှင်သောဝိညာဉ်တော်၏ တန်ခိုးတော်ကို အားကိုးလျက် ကြိုးစားအားထုတ်နိုင်ကြသည်။
ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏ (ကော၊ ၁း၂၉)။
ဂျပန်ယုံကြည်သူများသည် အမှုဆောင်ရွက်၍၊ သူတို့၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိကြသည်။
ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို လက်တွေ့သိနိုင်မည့်အကြောင်း မစတော်မူပါ။
ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ သင်တို့သည်သိစေခြင်းငှာ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏ (ဧ၊ ၁း၁၉)။
ထာဝရအဘ၊ ဂျပန်ယုံကြည်သောငါတို့၌ အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကို ပြသတော်မူပါ။ ဤတန်ခိုးအားဖြင့် အရှင်ယေရှုဘုရားသည် သေခြင်းမှ ထမြောက်စေတော်မူပြီ။ ဂျပန်ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့်အတူ သွားလာနိုင်မည့်အကြောင်း ကောင်းချီးပေးတော်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More