ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း
ရာနှင့်ချီသော အသင်းတော်ဂိုဏ်းခွဲများနှင့် သာသနာအဖွဲ့များ ရှိသော်လည်း၊ ဂျပန်ယုံကြည်သူများသည် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်း မဖြစ်ဘဲ အချင်းချင်းကွဲပြားနေဆဲ ဖြစ်သည်။ ဂျန်ပန်ယုံကြည်သူအားလုံးသည် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်နိုင်မည့်အကြောင်း ဆုတောင်းကြပါစို့။
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ကိုယ်တော်ဘုရားမှတစ်ပါး အခြားသောဘုရား မရှိ။
အို ဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့ (တရား၊ ၆း၄-၅)။
သခင်၊ ကျွန်တော်တို့သည် တစ်ဆူတည်းသော ထာဝရဘုရားကို ရှိခိုးပါ၏။ ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ဝိညာဉ်တော်ဘုရားတည်းဟူသော သုံးပါးတစ်ဆူဘုရားသည် စုံလင်တော်မူ၏။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ရရှိခံစားစေသည်။
ဘုရားသခင်သည် တစ်လုံးတစ်ဝတည်းဖြစ်သော ယုံကြည်သူများသည် ကောင်းကြီးပေးတော်မူသည်။
ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် ဝိညာဉ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် မိမိကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားနိုင်ကြပါစေ။
သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဖွယ်ရာ ပူဇော်သကာတည်းဟူသော တစ်ပါးအမျိုးတို့ကို ပူဇော်ခြင်းငှာ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တစ်ပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက် သာ၍ရဲရင့်စွာ ရေးလိုက်ပါ၏ (ရော၊ ၁၅း၅-၆)။
ကိုယ်တော်ဘုရား၊ မိမိဂျပန်သားသမီးများအဖို့ ဇွဲသတ္တိနှင့် ခွန်အားအသစ်ကို ပေးသနားတော်မူပါ။ ဂျပန်ယုံကြည်သူများသည် အရာရာ၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားနိုင်မည့်အကြောင်း မစတော်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More