YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 8

တပည့်တော်ဖြစ်စေခြင်း

ဂျပန်အသင်းတော်များသည် ကိုယ်တိုင်းဧဝံဂေလိတရားဟောပြောခြင်းနှင့် တပည့်တော်ဖြစ်စေခြင်းထက် ဘုရားကျောင်းတက်ခြင်းကို ပိုမိုအလေးထားသည်။ ဂျပန်ယုံကြည်သူများသည် စေတနာရှိကြသော်လည်း ဝိညာဉ်အားရေး၌ အားနည်းသလို ခိုင်မာသောယုံကြည်ခြင်းကို မရှိကြပေ။ ဂျပန်တပည့်တော်များသည် ခိုင်မာသောယုံကြည်ရှိ၍ ကျန်းမာသောအသင်းတော်များကိုလည်း ရှိနိုင်မည့်အကြောင်း ဆုတောင်းကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - နိစ္စထာဝရဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ။

ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက်ရှိ၏။ ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲ ဖြစ်တော်မူ၏ (ဆာ၊ ၉၃း၁-၂)။

ထာဝရဘုရားသည် စိုးစံ၍ အာနုဘော်နှင့် ဆင်ယင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ ဆင်ယင်လျက်၊ ခွန်အားနှင့် ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက် ရှိ၏။ ကိုယ်တော်၏ ပလ္လင်တော်သည် ရှေးကာလမှစ၍ တည်လျက် ရှိပါ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြပါလိမ့်မည်။

သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့ (ဧ၊ ၆း၁၀၊ ၁၃)။

အရှင်ယေရှုဘုရား၊ ဂျပန်ယုံကြည်သူများကို သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံပြီး ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြပါစေ။

ဆုတောင်းကြကုန်အံ့ - ခွန်အားရသော တပည့်တော်များ ပေါ်လာစေသလို ခွန်အားရသော အသင်းတော်များလည်း ပေါ်လာပါစေ။

ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့်၊ သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျားအနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏ (ဧ၊ ၃း၁၆-၁၉)။

ဘုရားသခင်၊ မိမိဘုန်းအသရေတော်၏ ကြွယ်ဝမှုနှင့်အညီ မိမိ၏ ဝိညာဉ်တော်အားဖြင့် ဂျပန်ယုံကြည်သူတို့၏ အတွင်းဝိညာဉ်လူကို တန်ခိုးနှင့်တကွ ကြံ့ခိုင်သန်စွမ်းစေတော်မူ၍ ယုံကြည်ခြင်းအားဖြင့် သူတို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ ထိုမေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့် အသိပညာထက် ထူးကဲသောခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို သိရှိ၍ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ကျွန်တော်တို့ဆုတောင်းကြပါ၏။

နေ့ 7နေ့ 9

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။