YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 17

သတို့သားသည် သူ၏ ဂျပန်သတို့သမီးအတွက် ကြလာပါလိမ့်မည်

ဘုရားသခင်၏ ထာဝရအကြံတော်သည် ဘယ်သောအခါမှ မပြောင်းလဲပါ။ ကိုယ်တော်သည် သူ၏ အသီးအသီးဘာသာစကားကို ပြောသည့် လူအမျိုးအနွယ်ခပ်သိမ်းသောသတို့သမီးကို ပြင်ဆင်နေဆဲ ဖြစ်တော်မူသည်။ သူသည် ဂျပန်နိုင်ငံမှ သူ၏ ဆုလာဘ်တည်းဟူသော ပြင်ဆင်ထားသည့် ဂျပန်သတို့သမီးလေးသည် ရရှိမည်ဖြစ်သည်။ ဂျပန်နိုင်ငံ၌ အပြစ်ကင်းစင်သော ခရစ်တော်၏ သတို့သမီးလေး ပြင်ဆင်မှုအတွက် အတူတကွ ဆုတောင်ပတ္ထနာပြုကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - မရေတွက်နိုင်သော လူများအပေါင်းတို့နှင့်အတူ သိုးသငယ်တော်ကို ရှိခိုးကြပါစို့။

ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏ (ဗျာ၊ ၇း၉-၁၀)။

ကိုယ်တော်၊ တစ်နေ့မှာ၊ ဘာသာစကားအပုံပုံ (ဂျပန်စကားအပါအဝင်) ပြောဆိုသော လူအမျိုးမျိုးအနွယ်နွယ်တို့ အနက်မည်သူမျှ မရေမတွက်နိုင်သော လူပရိတ်သတ်ကြီးသည် ပလ္လင်တော်နှင့် သိုးငယ်တော့်ရှေ့ ဖွဲ့ဖြူဝတ်လုံဆင်လျက် စွန်ပလွံလက်များ ကိုင်လျက်၊ ပလ္လင်တော့်ထက်စံတော်မူသော ငါတို့ဘုရားသခင်နှင့် သိုးငယ်တော်သည် ကယ်တင်ခွင့်ပိုင်တော်မူသည်ဟု ကျယ်သောအသံနှင့် ကြွေးကြော်ကြပါလိမ့်မည်။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - အို သခင်၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲအဖို့ မိမိ၏ မိန်းမကို တန်ဆာဆင်တော်မူပါ။

တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏ (ဗျာ၊ ၁၉း၆-၇)။

အို သခင်၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲအဖို့ မိမိ၏ မိန်းမတည်းဟူသော ဂျပန်အသင်းတော်ကို တန်ဆာဆင်နေဆဲ ဖြစ်ပါ၏ဟု ယုံကြည်ဝန်ခံကြပါ၏။

ဆုတောင်းကြကုန်အံ့ - ဘုရားသခင်သည် ဂျပန်ယုံကြည်သူများကို သာ၍အသုံးပြုပါစေ။

အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကို ကိုယ်စွန့်တော်မူ၏ (ဧ၊ ၅း၂၅-၂၇)။

ဘုရားရှင်မြတ်၊ ကိုယ်တော်သည် မိမိအသက်ကို စွန့်တော်မူခြင်းမှာ ဂျပန်အသင်းတော်ကို ရေဖြင့် သန့်ရှင်းစေ၍၊ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူသဖြင့်၊ အသင်းတော်ကို မိမိအား ဆက်သတော်မူရာ၌ အညစ်အကြေး အစွန်းအကွက် မရှိ၊ သန့်ရှင်းဖြူစင် အပြစ်ကင်းလျက် လှပတင့်တယ်သော အသရေနှင့် ပြည့်စုံနိုင်မည့်အကြောင်း ကောင်းကြီးပေးတော်မူပါ။

_______________________________
ဂျပန်နိုင်ငံအတွက် အခြားဆုတောင်းအစီစဉ်များနှင့် အခြားသတင်းများကို ပိုမိုသိလိုနေပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ကြည့်ရှုလိုက်ပါ။ www.pray4japan.net

နေ့ 16

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။