YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 14

အစိုးရသော မင်းအာဏာစက်

ဂျပန်အစိုးရသည် တော်တော်နှေးလှပြီး ရှေးရိုးစွဲတတ်သည်။ ဂျပန်သည် အနောက်တိုင်းလမ်းကြောင်းများကို လိုက်လျှောက်မည် (သို့) ကိုယ်ပိုင်ယုံကြည်ချက်၌ ခိုင်ခိုင်မာမာ ရပ်တည်နေမည်ဖြစ်သည်။

ဂျပန်အစိုးရခေါင်းဆောင်များသည် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး ဖြောင့်မတ်စွာ ဆုံးဖြတ်ချက်ချတတ်သူများဖြစ်နိုင်မည့်ကြောင်း ကောင်းချီးဩဘာပေးလျက် ဆုတောင်းကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - သားတော်မြတ် အရှင်ယေရှုဘုရားသည် ခပ်သိမ်းသောအရာတို့ကို အစိုးရ၍ ဘုရင်းတို့၏ ဘုရင်ဖြစ်သည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာ စီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည် (ဟေရှာ၊ ၉း၆-၇)။

ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို အရှင်ယေရှုဘုရားခံရပြီး အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ အရှင်ယေရှုဘုရားသည် ဂျပန်နိုင်ငံကို စိုးစံတော်မူသည်။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - လောကီအစိုးရခေါင်းများအဖို့ ဘုရားသခင်၏ သတိပေးစကားသည် အလွန်ရှင်းလင်းလှသည်။

သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိ ရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်း ထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏ (ဆာ၊ ၂း၁၀-၁၂)။

ကျွန်ုပ်တို့သည် ဂျပန်ခေါင်းဆောင်များအပေါ် (ဆာ၊ ၂) ကို ဆုတောင်းပြပါသည် - ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အို ဂျပန်နိုင်ငံ၊ ထာဝရဘုရားကို ကြောက်ရွံ့ပါစေ။

ဆုတောင်းကြကုန်အံ့ - ဂျပန်အစိုးရခေါင်းဆောင်များနှင့် သြဇာကြီးမားသူများကို ဘုရားသခင် ကောင်းချီးပေးပါစေ။

ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကို ပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏ (၁တိ၊ ၂း၁-၂)။

သခင်၊ ဂျပန်ယုံကြည်သူများသည် ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်းနှင့် မေတ္တာပို့ခြင်းကို ပြုပြပါ၏။

နေ့ 13နေ့ 15

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။