ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ဂျပန်အမျိုးသားများ
ကနဦးဂျပန်ယုံကြည်သူ အများအပြားသည် ဆာမူရိုင်း (Samurai) စစ်သည်များ ဖြစ်ကြခဲ့သည်။ ထိုခေတ်တွင်၊ ဂျပန်အမျိုးသားများသည် ခရစ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်စွဲလမ်းခဲ့သည်။ သို့သော်၊ ယခုခေတ်တွင်၊ ဂျပန်အမျိုးသား (၁၀၀၀) တွင်၊ (၁) ယောက်ထက်မနည်း ဘုရားကျောင်းပုံမှန်တက်သည်။ ဂျပန်အမျိုးသားများ ပြန်လည်နိုးထလာ၍ ခရစ်တော်ကို ယုံကြည်ခြင်း၌ တစ်လုံးတစ်တတည်ဖြစ်ပြီး၊ အချင်းချင်း ခွန်အားပေးလျက် ဝိညာဉ်ရေးသူရဲကောင်းများ ဖြစ်လာစေရန် ဆုတောင်းပတ္ထနာပြုကြပါစို့။
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ကိုယ်တော်၏ ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ တည်တော်မူပြီ။
ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကိုနှံ့ပြား၏ (ဆာ၊ ၁၀၃း၁၉)။
သခင်၊ ကိုယ်တော်၏ ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာစက်တော်လည်း၊ ရှသမျှအပေါ်တွင် အုပ်စိုးတော်မူ၏။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ဂျပန်အသင်းတော်အတွက် ဘုရားသခင်၏ ထာဝရမအကြံတော်ကို ထင်ရှားစေတော်မူပါ။
ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ်အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည် အကြောင်းတည်း (ဧ၊ ၃း၁၀-၁၁)။
အဖဘုရားသခင်၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ်အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသော ပညတ်တော်ကို ဂျပန်အသင်းတော်အားဖြင့် ယခုသိရကြမည့်အကြောင်း ဆုတောင်းပတ္တနာပြုကြပါ၏။
ဆုတောင်းကြကုန်အံ့ - ကိုယ်တော်၊ ဂျပန်ယုံကြည်သူများ၏ စစ်မှန်သော တည်သောနေရာကို ပြတော်မူပါ။
ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ (ဧ၊ ၂း၆)။
အို သခင်၊ ကိုယ်တော်သည် ဂျပန်ယုံကြည်သူများကို အလွန်ချစ်တော်မူသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ယေရှုခရစ်အားဖြင့် ဂျပန်ယုံကြည်သူတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီတည်းဟူသော သမ္မာတရားကို ထင်ရှားစေတော်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More