ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ခဲယဉ်းသောကာလတွင် လုံ့လဝီရိယ
နိုင်ငံခြားသာသနာပြုများ အများအပြား လာရောက်ကြသော်လည်း ဂျပန်နိုင်ငံတွင် နေထိုင်ရန် အခက်အခဲရှိနေကြသည်။ သူတို့သည် အထီးကျန်ခြင်း၊ မိတ်သဟာယနည်းခြင်းနှင့် အသီးမသီးခြင်းတို့ကို မကြာခဏ ရင်ဆိုင်နေကြရသည်။ နိုင်ငံခြားသာသနာပြုဆရာများ၊ ဂျပန်ဓမ္မဆရာများနှင့် ဂျပန်ယုံကြည်သူများကို ခွန်အားအသစ် ရရှိခံစားနိုင်မည့်အကြောင့် ဆုတောင်းကြပါစို့။ ကိုယ်တော်၊ ထိုသူတို့သည် ဇွဲသတ္တိရှိလျက် အထူးသဖြင့် အောင်မြင်နိုင်မည့်အကြောင်း ကောင်းကြီးပေးတာ်မူပါ။
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ခမည်းတော်ဘုရား၏ ကူညီမစခြင်းကို ရရှိစေဖို့ ဆုတောင်းပါ၏။
သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသောဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည် (ဆာ၊ ၈ဝး၁-၃)။
အို ဣသရေလသိုးထိန်းကြီး၊ ခေရုဗတို့ အထက်စံနေတော်မူသောအရှင်၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ တန်ခိုးတော်ကို နှိုးဆော်၍၊ ဂျပန်လူမျိုးတို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ။ အို ဘုရားသခင်၊ ဂျပန်လူမျိုးတို့ကို ပြန်လာစေ၍၊ လွတ်မြောက်ကြရစေခြင်းငှာ မျက်နှာတော် ရောင်ခြည်ကို လွှတ်တော်မူပါ။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - အထူးသဖြင့် အောင်မြင်သောသူများ
ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏ (ရော၊ ၈း၃၇)။
အဘ၊ ဂျပန်ယုံကြည်သူများသည် လောကဓံတရား၌ ကျင်လည်စဉ်တွင် အထူးသဖြင့် အောင်မြင်ကြပါ၏ဟု ကြွေးကြော်ကြ၏။
ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် အဆိုးအားဖြင့် အရှုံးမခံဘဲ အကောင်းအားဖြင့် အဆိုးကိုနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။
အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့ (ရော၊ ၁၂း၂၁)။
ခမည်းတော်ဘုရား၊ မိမိဂျပန်သားသမီးများတို့သည် အဆိုးအားဖြင့် အရှုံးမခံဘဲ အကောင်းအားဖြင့် အဆိုးကိုနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ မိမိဝိညာဉ်တော်အားဖြင့် သူတို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်များကို ပြန်လည်ကျန်းမာစေတော်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More