YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 9

သန့်ရှင်းသောဝိညာဉ်တော်

ဂျပန်လူမျိုးများသည် လောကီအလုပ်နှင့် လောကီအအောင်မြင်ခြင်းကို အလွန်အမင်း လေးထားကြပါသည်။ ဂျပန်ယုံကြည်သူ အမြောက်အမြားသည် လောကီပုံသဏ္ဌာန်ကို ဆောင်လျက် ခရစ်တော်နောက်သို့ လိုက်ရန် မိမိအစွမ်းသတ္တိကို အားကိုးနေဆဲ ဖြစ်ကြပါသည်။ ဂျပန်ယုံကြည်သူများသည် မိမိအတ္တကို ပယ်ရှားပြီး သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်နှင့် လွတ်လပ်မှု၌ ပိုမိုပြည့်ဝစွာလျှောက်လှမ်းရန် ဆုတောင်းပတ္ထနာပြုကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - အစမရှိသော ထာဝရဘုရားကို ချီးမွမ်းကြပါစို့။

အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှ မရှိ (ယော၊ ၁း၁-၃)။

သခင်ယေရှု၊ ကိုယ်တော်သည် နှုတ်ကပတ်တော်ဖြစ်ပြီး အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိခဲ့၏။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်ကို ချီးမွမ်းပါ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ကျွန်တော်တို့သည် ခရစ်တော်အားဖြင့် ဧကန်အမှန် လွတ်မြောက်စေပြီ။

ယေရှုခရစ်၌ တည်၍ အသက်ရှင်စေသောဝိညာဉ်တော်၏ တရားသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ သေခြင်းတရား၏ လက်မှလည်းကောင်း၊ ငါ့ကို ကယ်လွှတ်ပြီ (ရော၊ ၈း၂)။

ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းဆိုင်ရာ ဝိညာဉ်တော်တရားသည် အပြစ်တရားနှင့် သေခြင်းတရားမှ ခရစ်တော်ယေရှုအားဖြင့် ဂျပန်ယုံကြည်သူများကို လွတ်စေလေပြီဟု ဝမ်းသာဝမ်းမြောက်စွာ ကြွေးကြော်ပါ၏။

ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်နိုင်ကြပါစေ။

ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့်၊ သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျားအနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ ရှိ၏ (ဧ၊ ၃း၁၇-၁၉)။

ဂျပန်ယုံကြည်သူများသည် မေတ္တာတော်၌ အမြစ်တွယ်၍ အုတ်မြစ်ချထားကာ ထိုမေတ္တာတော်၏ အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့် အသိပညာထက် ထူးကဲသောခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို သိရှိ၍ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ဆုတောင်းပါ၏။

နေ့ 8နေ့ 10

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။