YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 10

ကြွယ်ဝနှင့် ကြီးထွားမှု

ဂျပန်ယုံခရစ်ယာန်များသည် မိမိတို့၏ ယုံကြည်ခြင်းကြောင့် လူ့အဖွဲ့အစည်းနှင့် မိသားစုတွင် လူနည်းစုဖြစ်လေ့ ရှိကြသည်။ ထို့ကြောင့် သူတို့သည် အထီးကျန်ခြင်း၊ မိတ်သဟာယနည်းခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြင့် ရင်ဆိုင်နေကြသည်။ ပင်ပန်းနွမ်းနယ်နေသော ဂျပန်ယုံကြည်သူများကို ကြွယ်ဝသောကျေးဇူးတော်အားဖြင့် ခွန်အားအသစ်ရရှိပြီး သူတို့အပေါ် ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်မြတ်ကို ပိမိုသိကျွမ်းစေဖို့ ဆုတောင်းကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ကိုယ်တော်၏ ဘုန်းတော်သည် ဤလောက၌ ထင်ရှားစွာ ပြသတော်မူပြီ။

မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကို တစ်နေ့ မြွက်ဆို၍၊ တစ်ညကို တစ်ည သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏ အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏ (ဆာ၊ ၁၉း၁-၄)။

သခင်၊ ဘုရားသခင်၏ ဘုန်းတော်ကို မိုးကောင်းကင် ထုတ်ဖော်လျက်၊ လက်မှုတော်ကို မိုးပိတာန် ပြသ၏။ ဤစားတော်သည် ဂျပန်နိုင်ငံ၌ ကြားရပါ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ကျွန်တော်တို့သည် ဘုရားသခင်၏ မဟာကျေးဇူးတော်၌ ခိုလှုံပါ၏။

သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏ (၂ကော၊ ၉း၈)။

ဂျပန်ယုံကြည်သူတို့ကို အခါခပ်သိမ်း စည်းစိမ်ချမ်းသာ လုံလောက်သဖြင့် ကောင်းမှုအမျိုးမျိုးကို ပြုရစေခြင်းငှာ ဆုကျေးဇူးအမျိုးမျိုးနှင့် ဘုရားသခင် ကြွယ်ဝစေတော်မူနိုင်၏ဟု ယုံကြည်ဝန်ခံကြပါ၏။

ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများ၏ မေတ္တာပါရမီကို တိုးပွားစေတော်မူပါ။

ငါသည် အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊ မေတ္တာပါရမီ တိုးပွား၍ ပြည့်စုံမည်အကြောင်းကိုလည်းကောင်း၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကိုလည်းကောင်း၊ ငါဆုတောင်းပတ္ထနာပြု၏ (ဖိ၊ ၁း၉-၁၁)။

အို အဘ၊ ဂျပန်ယုံကြည်သူတို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊ မေတ္တာပါရမီ တိုးပွားစေတော်မူပါ။ ထိုသူတို့သည် သိ၍ပိုင်ခြားနိုင်သောဉာဏ်ကို ရလျက် ခရစ်တော်နေ့တိုင်အောင် ကောင်း‌လေစွာ အသက်ရှင်နိုင်မည်အကြောင့် ကောင်းကြီးပေးတော်မူပါ။

နေ့ 9နေ့ 11

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။