YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 7

အသင်းတော်၏ ခေါင်းဆောင်မှု

ဂျပန်လူမျိုးသည် ခေါင်းဆောင်များကို အလွန်တရာ အလေးထားကြသည်။ ဤအယူအဆသည် အသင်းတော်အတွက် အကျိုးကိုပေးနိုင်သလို၊ ဆိုးကျိုးများလည်း ပြုစုတတ်သည်။ ဂျပန်အသင်းတော်ခေါင်းဆောင်များသည် အတ္တမရှိဘဲ နှိမ့်ချသောစိတ်ရှိလျက် အရာရာ၌ သဒ္ဓါယုံကြည်ခြင်းနှင့် ဖြူစင်သောစေတနာနှင့်တကွ အမှုတော်ကို ဆောင်ရွက်နိုင်မည့်အကြောင်း ဆုတောင်းကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ဘုရားသခင်သည် အနန္တကာလ စံတော်မူ၍၊ မြင့်မြတ်သောအရှင် ဖြစ်တော်မူ၏။

သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသောဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသောစိတ်သဘော ရှိသောသူတို့၌လည်း ငါနေ၏ (ဟေရှာ၊ ၅၇း၁၅)။

သန့်ရှင်းသည်ဟု နာမရှိလျက်၊ အနန္တကာလစံတော်မူ၍၊ မြင့်မြတ်သောအရှင်၊ သန့်ရှင်းမြင့်မြတ်သောစံရာ၌ လည်း‌ကောင်း၊ စိတ်နှိမ့်ချကြေကွဲ သူတို့နှင့်လည်း‌ကောင်း၊ နှိမ့်ချကြေကွဲသူတို့စိတ်နှလုံးအား တက်စေခြင်းငှာ၊ ကိန်းဝပ်တော်မူသောဘုရားသည် ကျွန်တော်တို့ရှိခိုးကြပါ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ကိုယ်တော်ကို အရာခပ်သိမ်းတို့အပေါ် ဦးခေါင်းဖြစ်ပါ၏။

ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်အဖို့အလိုငှာ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း (ဧ၊ ၁း၂၂-၂၃)။

အရှင်ယေရှုဘုရားသည် ဂျပန်အသင်းတော်၏ အချုပ်အခြာ ဦးခေါင်းဖြစ်တော်မူသည်။ ခမည်းတော်ဘုရားသည် ခရစ်တော်၏ ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားတော်မူပြီ။

ဆုတောင်းကြကုန်အံ့ - ဂျပန်အသင်းတော်ခေါင်းဆောင်များသည် ခရစ်တော်ကဲ့သို့ အစိုးတရ ပြုနိုင်မည့်အကြောင်း မစကူညီတော်မူပါ။

ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏ စေခိုင်းရာကျွန် ဖြစ်ရမည်။ အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏ (မာ၊ ၁ဝး၃၂-၄၅)။

သခင်၊ ဂျပန်အသင်းတော်၏ ခေါင်းဆောင်များသည် လောကီမင်းတို့ကဲ့သို့ အစိုးတရ မပြုဘဲ နှိမ့်ချသော စေခိုင်းရာကျွန်များ ဖြစ်နိုင်မည့်အကြောင်း ကောင်းကြီးပေးတော်မူပါ။

နေ့ 6နေ့ 8

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။