ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ဂျပန်ယုံကြည်သူများအဖို့ ရင်းနှီးမှုနှင့် သန့်ရှင်မှု
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ဘုရားသခင်သည် ကောင်းမြတ်တော်မူ၏ဟု နိစ္စဓူဝ အနန္တကာလတိုင်အောင် ဝန်ခံပြောဆိုကြပါလိမ့်မည်။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ (ဆာ၊ ၁၃၆း၁)။
ကိုယ်တော်၏ မဟာကျေးဇူးတော်မြတ်ကို ချီးမွမ်းကြပါ၏။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်၏။ ကျွန်တော်တို့သည် ကိုယ်တော်ကို ကမ္ဘာအဆက်ဆက်တိုင်အောင် ချီးမွမ်းကြပါလိမ့်မည်။ ဟာလေလုယ။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ဘုရားသခင်သည် ကျွန်တော်တို့ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်တော်မူ၏။
ထာဝရဘုရားသည် အဝေးကထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏ (ယေ၊ ၃၁း၁)။
ခမည်းတော်ဘုရားသည် ဂျပန်ယုံကြည်သူများကို ထာဝရမေတ္တာနှင့် မြတ်နိုးသည့်အလျောက်၊ မေတ္တာကျေးဇူးဖြင့် ဆွဲနေဆဲ ဖြစ်၏ဟု ကြွေးကြော်ကြပါ၏။
ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် ဗျာဒိတ်အသံတော်ကို ကြား၍ ဉာဏ်သတ္တိ ရှိကြပါစေ။
ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ သင်တို့အား ပေးပါမည်အကြောင်း... (ဧ၊ ၁း၁၇)။
ဂုဏ်တော်အနန္တအရှင်၊ ဂျပန်ယုံကြည်သူများသည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကို ပေးတော်မူပါ။ မိမိဦးနှောက်အားဖြင့်သာ မဟုတ်ဘဲ မိမိစိတ်ဝိညာဉ်၌ ဘုရားသခင်၏ မဟာမေတ္တာတော်ကို ရရှိခံစားကြပါစေ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More