YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 3

ဂျပန်အသင်းတော်၌ စိတ်အားကြီးခြင်းနှင့် ဝမ်းမြောက်ခြင်း

ဂျပန်နိုင်ငံတွင် ဧဝံဂေလိအသင်းတော် (၈၀၀၀) ခန့်ရှိသော်လည်း၊ အသင်းတော် (၁) ပါးတွင် အသင်းသူအသင်းသား လူ (၃၀) အောက်သာ ရှိကြသည်။ ဂျပန်အသင်းတော်များတွင် လူငယ်များမရှိဘဲ လာမည့်ဆယ်စုနှစ်များအတွင်း ဘုရားကျောင်းများစွာ ပိတ်သွားမည်ဖြစ်သည်။ သခင်ဘုရားသည် ဂျပန်ယုံကြည်သူ၏ ဝိညာဉ်များကို အားဖြည့်၍ အရာရာ၌ ဝမ်းမြောက်စေပြီး အချင်းချင်း မိတ်သဟာယဖွဲ့နိုင်မည့်အကြောင့် ဆုတောင်းကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ကျွန်တော်တို့သည် ကိုယ်တော်၌ ဝမ်းမြောက်သလို၊ ကိုယ်တော်သည် ကျွန်တော်တို့၌ ဝမ်းမြောက်တော်မူသည်တကား။

သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည် (ဇေ၊ ၃း၁၇)။

ကျွန်တော်တို့သည် ကိုယ်တော်၏ ဝမ်းမြောက်ခြင်းကို မြင်ရစဉ်တွင် ကိုယ်တော်သည် ကျွန်တော်တို့၌ ဝမ်းမြောက်တော်မူသည်တကား။ ကိုယ်တော်သည် သီချင်းဆိုခြင်းနှင့်တကွ ကျွန်တော်တို့၌ ဝမ်းမြောက်သည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - သင်တို့သည် ရွှင်လန်းစွာ ချီထွက်လျက်၊ ချမ်းသာစွာ ပို့ဆောင်တော်မူရာ ခံရကြလိမ့်မည်။

သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ထွက်၍၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီးကြလိမ့်မည် (ဟေရှာ၊ ၅၅း၁၂)။

အို အဖ၊ ဂျပန်ယုံကြည်သူတို့သည် ဝမ်းမြောက်စွာ ထွက်ခွာလာ၍ ငြိမ်းချမ်းစွာ ပို့ဆောင်ခြင်း ခံရမည်ဟု ကြွေးကြော်ကြပါ၏။

ဆုတောင်းကြကုန်အံ့ - မျှော်လင့်ခြင်းအရှင် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်း ကြွယ်ဝစေရန် ယုံကြည်ခြင်းတရား၌ ရွှင်လန်းခွင့်၊ ငြိမ်သက်ခွင့်အမျိုးမျိုးနှင့် ဂျပန်ယုံကြည်သူတို့ကို ဖြည့်တော်မူပါစေသော။

သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှော်လင့်ခြင်း၏ အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော (ရော၊ ၁၅း၁၃)။

<ခမည်းတော်ဘုရား၊ ဂျပန်ယုံကြည်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့် ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကို ပြည့်စုံစေတော်မူပါစေသော။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။