ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ
ဂျပန်နိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်မြတ်
ယခုချိန်မှာ၊ ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်းသည် အလွန်နိမ့်ပါးနေပါသည်။ (၂၀၃၉) တွင်၊ ဂျပန်လူဦးရေသည် သန်း (၁၀၀) အောက် ကျဆင်းသွားနိုင်သည်။ ဂျပန်နိုင် လူဦးရေပြဿနာ ရင်ဆိုင်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် ဂျပန်လူမျိုးကို ကိုယ်တော်ထံသို့ ဆွဲ၍ အကျွတ်တရားပေးနိုင်မည်အကြောင်း ဆုတောင်းကြပါစို့။
ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့
လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့။ အကြောင်းမူကား၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစဉ်အမြဲ တည်၏။ ဟာလေလုယ (ဆာ၊ ၁၁၇)။
သခင်၊ ကိုယ်တော်သည် လူမျိုးအပေါင်းတို့၊ ဘာသာစကားအသီးသီးတို့၏ ထောမနာကို အလွန်ခံထိုက်ပါ၏။ ကိုယ်တော်ကို ချီးမွမ်းရန် ဂျပန်ဘာသာစကားကို ဖန်တီးထားပါ၏။
နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။
ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကို ပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။ အကြောင်းမူကား၊ ထိုသို့သောအမှုသည် ကောင်းသောအမှု ဖြစ်၏။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏ (၁တိ၊ ၂း၁-၄)။
ထာဝရအဘ၊ ဂျပန်လူမျိုးတို့သည် ကယ်တင်ရာရောက်လျက် သမ္မာတရားတော်ကို သိကျွမ်းစေလိုတော်မူသော ငါတို့ကယ်တင်ရှင် ဘုရားသခင့်ရှေ့ လက်ခံဖွယ် ဖြစ်၏ဟု ကြွေးကြော်ကြပါ၏။
ဆုတောင်းကြကုန်အံ့ - နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ ဂျပန်နိုင်ငံ၌ ပြည့်စုံပါစေ။
နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော (မ၊ ၆း၁၀)။
ခမည်းတော်ဘုရား၊ ဂျပန်ကို ကယ်ချွတ်စေခြင်းငှာ ကိုယ်တော် အလိုတော် ရှိပါ၏။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ ဂျပန်လူမျိုး၏အသက်တာများ၌ ပြည့်စုံပါစေသောဟု ဆုတောင်းကြပါ၏။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။
More