YouVersion လိုဂို
ရှာရန် အိုင်ကွန်

သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ

Comfort in Anxiety

7 ၏ နေ့ 6

ဘုရားသခင်၏ ပျားတူများ

ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။ (ထွ၊ ၂၃း၂၈)

ပျားတူများသည် မည်သို့ဖြစ်သနည်းကို ကျွန်တော်တို့ တွေးနေစရာ မလိုပါ။ ထိုပျားတူတို့သည် ရန်သူများကို ထိုးလျက် ချေမှုန်းရန်နှင့် ဣသရေလလူမျိုးကို သိမ်းပိုက်ဖို့ ပိုမိုလွယ်ကူစေရန် လူများရှေ့တွင် စေလွှတ်ထားသော ဘုရားသခင်၏ မဟာဗိုလ်ခြေတို့ ဖြစ်သည်။ ကျွန်တော်တို့၏ဘုရားသခင်သည် သူ၏ရွေးချယ်ထားသောနည်းလမ်းများအားဖြင့် မိမိ၏လူမျိုးတော်အဖို့ တိုက်ပွဲမစတင်မီတွင်ပင် သူတို့၏ရန်ဘက်ပြုသူများကို ဒုက္ခပေးလျက် စစ်တိုက်တော်မူလိမ့်မည်။ သမ္မာတရားကို ဆန့်ကျင်သူများကို စိတ်ရှုပ်ထွေးစေဖို့၊ ပြုပြင်ပြောင်းလဲရန်၊ ယုံကြည်သူများကိုယ်တိုင် မစပ်ဆိုင်သောအရာများတို့နှင့် မကြာခဏ အသုံးပြုတော်မူသည်။ အာမဂေဒုန်စစ်ပွဲတွင် ဖော်ပြသည့်အတိုင်း၊ မြေကြီးသည် မိန်းမကို မစ၍ (ဗျာ၊ ၁၂း၁၅-၁၆ ကို ဖတ်ရှုပါ)။

ဘယ်တော့မှ မကြောက်ပါနှင့်။ ကောင်းကင်ဗိုလ်ခြေတို့သည် ကျွန်တော်တို့၏ ဝိညာဉ်ရန်ဘက်များကို တွန်းလှန်ကြသည်။ ကြိမ်ပေါင်းများစွာ စစ်တိုက်ရာတွင် ဝင်ရောက်သောအခါ၊ ကျွန်တော်တို့သည် ဆန့်ကျင်ဘက်ရန်သူများကို ရှာမတွေ့ပါ။ သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာ နေရကြမည်။ ဘုရားသခင်၏ ပျားတူများသည် ကျွန်တော်တို့၏ လက်နက်များထက် သာ၍ထိရောက်သည်။ သခင်ဘုရားအသုံးပြုသည့် နည်းလမ်းဖြင့် အောင်ပွဲရမည်ဟု ကျွန်တော်တို့ ဘယ်သောအခါမှ စိတ်ကူးမယဉ်နိုင်ပေ။ သို့သော်၊ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ထက် ကြိုတင်ကြွလာပြီး လမ်းကိုပြင်ဆင်ထားပြီတည်းဟူသော အမှန်တရားကို ထောက်လျက်၊ ကျွန်ုတော်တို့၏ အမိန့်တော်ကို နာခံပြီး အရှင်ယေရှုဘုရားအဖို့ တိုင်းနိုင်ငံများကို သိမ်းယူကြရမည်။ အဆုံးမှာ၊ လက်ယာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဖို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီဟု ကျွန်တော်တို့သည် ပျော်ရွှင်စွာ ဆိုကြလိမ့်မည်။

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Comfort in Anxiety

ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။

More

ဤအစီအစဥ်အတွက် GlobalRize ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://globalrize.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။