သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ
ကျန်းမာပကတိဖြစ်စေဖို့ ကိုက်ဖြတ်တော်မူခြင်း
လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။ (ဟော၊ ၆း၁)
ကိုယ်တော်သည် ကျန်းမာပကတိအခွင့်မပေးမီ ကိုက်ဖြတ်ခြင်းပြုစေရန် အကျင့်ဓလေ့ ရှိတော်မူသည်။ ဤအကျင့်ဓလေ့သည် ကိုယ်တော်၏နှလုံးတော်တွင်ရှိ မဟာမေတ္တာတော်ကို ပြသသလို၊ သူ၏လက်တော်ဖြင့် တိကျသောခွဲစိတ်မှုကိုလည်း ပြသပေးသည်။ ကိုယ်တော်သည် အနာကိုမစည်းခင် ဒဏ်ခတ်များရရှိစေလျက်၊ ယုံကြည်စိတ်ချရသော ကျန်းမာပကတိအခွင့် ပြန်လည်ပေးတော်မူသည်။ ပညတ်တရားသည် ဧဝံဂေလိတရားရှေ့မှောက်တွင် ရောက်လာသည်။ မိမိလိုအပ်ချက်ကို မပြည်စုံမီ ထိုလိုအပ်ချက်ကိုဝန်ခံခြင်းရှိဖို့ အရင်လိုအပ်သည်။ ယခုအချိန်တွင်၊ မိတ်ဆွေသည် ဝိညာဉ်တော်၏ နှိမ့်ချစေသည့် ဒုစရိုက်အပြစ်ကိုဖော်ပြသော တို့တော်မူခြင်းကို ရရှိခံစားနေပါသလား။ ချုပ်နှောင်ခြင်းနှင့် ကြောက်ခြင်းသံဝေဂထံသို့ တစ်ဖန် ပြန်ရောက်နိုင်ပါသလား။ ဤသည်မှာ ဧဝံဂေလိတရားအားဖြင့် စစ်မှန်သောကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကို တွေ့ကြုံစေဖို့ မရှိမဖြစ် လိုအပ်သောနည်းပင် ဖြစ်သည်။
စိတ်မပျက်နှင့်။ မိမိ၏အနာစိမ်းများ၊ ထိခိုက်၍ရောင်သောအနာနှင့် နက်နဲသောဒဏ်ရာများကို ဘုရားသခင်ထံ အပ်နှံပါ။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ကုစားနိုင်သောတန်ခိုးတော်ကို ပိုင်တော်မူပြီး ကုစားအမှုလည်း အားရနှစ်သက်တော်မူပါသည်။ နှလုံးကြေကွဲသောသူကိုလည်း ကယ်တင်စေဖို့ သခင်ဘုရား၏ အထူးလုပ်ငန်းဖြစ်ပြီး၊ အလွန်တရာ ကျွမ်းဝင်တော်မူသည်။ အချိန်မဆွဲဘဲ၊ ကျွန်တော်တို့သည် အရင်လွှဲသွားခဲ့သော ဘုရားသခင်ထံတော်သို့ အလျင်အမြန် ပြန်သွားကြပါစို့။ ကျွန်တော်တို့၏ ကွက်လပ်ဖြစ်သောဒဏ်ရာများကို ကိုယ်တော်ဘုရားထံ အပ်နှံပြီး၊ ကိုယ်တော်ပြုသောအမှုကို အောက်မေ့သတိရစေ၍ ပြီးစီးလျက်ပြုတော်မူမည်အကြောင်းကို တောင်းပန်ကြပါစို့။ ခွဲစိတ်ပြီးမှ လူနာကို ဥပေက္ခာပြုပြီး၊ လူနာအား သွေးထွက်လွန်သေစေသည့် ခွဲစိတ်ဆရာဝန် ရှိပါသလော။ ထာဝရဘုရားသခင်သည် အလွန်ကောင်းမွန်သော အိမ်တစ်လုံးကို မပေးဘဲ ကျွန်ုတော်တို့၏ နေအိမ်ဟောင်းကို ဖြိုချမည့်အကြံစည်တော် ရှိနိုင်မည်လော။ ကိုယ်တော်သည် ကျွန်တော်တို့ဝိညာဉ်ရှိ ဒုက္ခကို အတင်အဓမ္မ တိုးပွားစေမည်လော။ ၎င်းအကြံအစည်တော်များသည် သခင်ဘုရားနှင့် အလွန်ဝေးလှသည်။
ဤစာဖတ်ခြင်းအစီအစဥ်ကို နှစ်သက်ပါက၊ မိမိအီးမေးလ်ဝင်စာထဲသို့ ပေးပို့ထားသော နေ့စဉ်ဝတ်ပြုဆုတောင်းခြင်းအတိုကို ရယူရန် စာရင်းသွင်းပါ-
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။
More