YouVersion လိုဂို
ရှာရန် အိုင်ကွန်

သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ

Comfort in Anxiety

7 ၏ နေ့ 1

ကြောက်ရွံ့ခြင်းကင်းသောသူ

ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ (ထွ၊ ၃း၁၂)

ဘုရားသခင်သည် မောရှေကို စေလွှတ်တော်မူသောအခါ၊ သူ့ကို တစ်ဦီးတည်းပစ်ထားခဲ့သည် မဟုတ်ပေ။ လောက၌ တန်ခိုးအရှိန်အဝါကြီးသည့် ဖာရောဘုရင်ကို တိုက်ခိုက်ရန် ဟေဗြဲလူဖြစ်သည့် မောရှေတစ်ဦးတည်းကိုသာ စေလွှတ်လျက်၊ စွန့်ပစ်ထားခဲ့ရန် ဘုရားသခင်အဖို့ ကြီးမာသောစွန့်စားမှုဖြစ်လျက်၊ အင်မတန်မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ သဗ္ဗညုတဘုရားသည် သူ၏အတူပါရှိမှုမပါဘဲ၊ ဖာရောဘုရင်နှင့် သူ၏စစ်တပ်ကြီးကို တိုက်ခိုက်ရန် မောရှေတစ်ဦီးတည်းကိုသာ ရင်ဆိုင်စေခြင်းသည် မယုံကြည်နိုင်စရာ ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည်၊ မေးခွန်းမေးစရာဖြစ်သည့် သူတစ်ဦးတည်းစေလွှတ်ခြင်းလားဆိုသည်ကို ရှင်းလင်းပေးသည့်အနေဖြင့် ငါသည် သင့်ဘက်၌ ရှိလိမ့်မည်ဟုဆိုလျက် မောရှေအား စိတ်ချမှုအာမခံ ပေးခဲ့သည်။

ထိုသမ္မာတရားသည် ကျွန်တော်အဖို့လည်း ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်၏အမှုတော်တွင် ပါဝင်ဆောင်ရွက်ပါလျှင်၊ သူ၏တန်ခိုးတော်အပေါ် ရိုးရှင်းစွာ မှီခိုခြင်းနှင့် သူ၏ဘုန်းတော်အတွက်သာ ရည်စူးလုပ်ဆောင်ခြင်းပြုသည့်အခါ ဘုရားသခင်သည် ကျွန်တော်နှင့်အတူရှိမည်ကို စိတ်ချနိုင်ပါသည်။ ကျွန်တော့်ကို စေလွှတ်သောဘုရားသခင်သည် ကျွန်တော့်ကို ထောက်ပံ့မစခြင်းအတွက် တာဝန်ယူသောသူလည်း ဖြစ်သည်။ ထိုအရာသည် လုံလောက်သည့် စိတ်ချစရာမဟုတ်ပါလား။ ထိုအရာထက်၊ ကျွန်တော် ဘာတွေများ လိုနိုင်ပါသေးသလဲ။ ကျွန်တော့်ဘေးတွင်၊ ကောင်းကင်တမန်များနှင့် အကွယ်အကာပေးသူများရှိခဲ့သော်လည်း၊ ကျွန်တော်ကျရှုံးနိုင်ပါသည်။ သို့သော်၊ ဘုရားသခင်သာ အတူရှိခဲ့ပါလျှင်၊ အောင်မြင်မှုသည် သေချာပါသည်။ သို့ရာတွင်၊ ကျွန်တော်သည် ၎င်းကတိတော်မြတ်ကို ရဲရင့်သတ္တိ၊ ဇွဲသတ္တိ၊ သမ္မာသတိနှင့် စိတ်နှိမ့်ချသဘောတို့ဖြင့် သစ္စာရှိစွာ ပြန်လည်းတုံ့ပြန်ရမည်။ ဘုရားသခင်နှင့်အတူသွားလာခြင်းသည် ၎င်းပါရမီများမှတစ်ပါး အခြားသောအရာများကို မတောင်းဆိုပါ။ မောရှေကဲ့သို့ပင် ကျွန်တော်သည် စိန်ခေါ်မှုများကို မကြောက်ဘဲလျက် ရင်ဆိုင်ရမည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Comfort in Anxiety

ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။

More

ဤအစီအစဥ်အတွက် GlobalRize ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://globalrize.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။