YouVersion လိုဂို
ရှာရန် အိုင်ကွန်

သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ

Comfort in Anxiety

7 ၏ နေ့ 4

ကြောက်ရွံ့တရားရှိခြင်းကို ကြောက်ရွံ့လိုက်ပါ

သူတို့ကို မကြောက်နှင့်။ သင့်ကို ကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီး... (ယေ၊ ၁း၈)

အကြောက်တရားသည် ခိုးဝင်လာပြီး သံသယယုံမှားခြင်းကို တိုးပွားစေသောအခါတိုင်း၊ ကျွန်တော်တို့သည် အပြစ်တရားထဲသို့ ကျရောက်ဖို့ အန္တရာယ်ရှိသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်းသည် အန္တရာယ်ရှိသလို၊ ကြောက်တတ်သောသဘောသည်လည်း အန္တရာယ်ရှိပါသည်။ ဒံယေလသကဲ့သို့ ရဲရင့်ခြင်း ရှိလော့။ ကျွန်တော်တို့၏ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ရဲရင့်သောသူရဲများနှင့် ထိုက်တန်လှပါသည်။

ကျွန်တော်တို့သည် ရဲရင့်သတ္တိရှိစေရန် အလွန်နှိုးဆော်သွေးဆောင်ရသည့် ကတိတော်တစ်ပါး ဖြစ်ပါသည်တကား။ ဘုရားသခင်ဘက်၌ နေသူများအဖို့ ဘုရားသခင်သည် သူ့ဘက်၌ နေတော်မူလိမ့်မည်။ ခဲယဉ်းသောကာလတွင် ဘုရားသခင်သည် မိတ်ဆွေကို စွန့်ပစ်တော်မမူ။ သူတစ်ပါးသည် မိတ်ဆွေကို ခြိမ်းခြောက်နေပါသလား။ ပျက်စီးခြင်းသို့ ရောက်မည့် သေမျိုးဖြစ်သောလူသတ္တဝါကို အဘယ်ကြောင့် ကြောက်ရွံ့ပါသလဲ။ မိမိနေရာမှ ကျဆင်းသွားမည်ကို စိုးရိမ်နေပါသလား။ ဝတ်ပြုနေသော မိမိ၏ဘုရားသခင်သည် သူ၏သစ္စာရှိသောငယ်သားကောင်းများကို ပြည့်စုံစေတော်မူလိမ့်မည်။ ဘုရားသခင်ကို စိတ်ချယုံကြည်နိုင်သည် မဟုတ်လော။ သူတစ်ပါးသည် မိတ်ဆွေကို ကဲ့ရဲ့ပြစ်တင်ခြင်းပြုနေပါသလား။ သူတို့၏ ကဲ့ရဲ့ပြစ်တင်ခြင်းသည် မိတ်ဆွေ၏ အရိုးများ (သို့) ဝိညာဉ်ကို ကျိုးပဲ့စေလိမ့်မည်လော။ ခရစ်တော်အဖို့အလိုငှာ သည်းခံလျက်၊ ဝမ်းမြောက်ရွှင်မြူးခြင်း ရှိပါလား။

ဘုရားသခင်သည် ဖြောင့်မတ်သူ၊ သူတော်ကောင်း၊ သန့်ရှင်းသောသူတို့နှင့်အတူရှိလျက် ကယ်နုတ်သလို၊ မိတ်ဆွေကိုလည်း ကယ်နုတ်တော်မူလိမ့်မည်။ ဒံယေလသည် ခြင်္သေ့တွင်းထဲမှ ထိခိုက်သောအနာတစ်ခုမျှ မရှိဘဲ ပေါ်ထွက်လာသလို၊ ရိုသေကိုင်းရှိုင်းသော လူငယ်သုံးဦးသည် မီးဖိုကြီးထဲမှ ဘေးဥပဒ်နှင့် ကင်းလွတ်လျက် ထွက်လာကြသည်ကို အောက်မေ့သတိရပါ။ မိတ်ဆွေ၏ အခြေအနေသည် သူတို့၏ အခြေအနေလောက် မဆိုးရွာပေါ၊ သို့သော်၊ သူတို့၏ အခြေနေလောက်ဆိုးရွာလျှင်လည်း သခင်ဘုရားက မိတ်ဆွေကို ချီပိုက်လျက် အထူးသဖြင့် အောင်မြင်ချမ်းသာကို ပေးသနားတော်မူလိမ့်မည်။ ကြောက်ရွံ့တရားရှိခြင်းကို ကြောက်ရွံ့လိုက်ပါ။ ထိုကြောက်ရွံ့ခြင်းသို့ရောက်လျှင် ကြောက်ရွံ့ပါ။ မိမိမဟာရန်သူကြီးသည် မိမိစိတ်နှလုံးထဲမှာပင် နေထိုင်နေပါသည်။ မိမိဒူးထောက်လျက် အကူအညီကို တောင်းဆုပြုပြီး ပြန်ထလျက် ကျွန်တော်တို့သည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိဟု နှုတ်ဖြင့် ဝန်ခံပါ။

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Comfort in Anxiety

ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။

More

ဤအစီအစဥ်အတွက် GlobalRize ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://globalrize.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။