သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ
ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်း
ငါသည် သင်နှင့်အတူရှိ၏။ သင့်ကို ညှဉ်းဆဲခြင်းငှာ အဘယ်သူမျှ အနိုင်အထက်မပြုရ။ (တ၊ ၁၈း၁၀က)
ထာဝရဘုရားသခင်သည် တမန်တော်ကြီးရှင်ပေါလုအဖို့ ကောရိန္သုမြို့၌ ပြီးမြောက်အောင် အမှုတော်မြတ်ပြုသမျှကာလပတ်လုံး လူအုပ်၏ ဒေါသကို ဆီးတားခဲ့သည်။ ယုဒလူမျိုး၏ ဆန့်ကျင်ခြင်းနှင့် ကဲ့ရဲ့ပြစ်တင်မှုများဖြစ်စဉ်တွင်ပင်၊ ဧဝံဂေလိတရားဟောပြောခြင်းနှင့် တရားနာသောသူ၏ ပြောင်းလဲခြင်းကို ရပ်တန့်၍မရပေ။ အကြမ်းတမ်းဆုံးသောစိတ်များအပေါ်ကိုပင် ဘုရားသခင်သည် အထွဋ်အမြတ်အာဏာတော်ကို ပိုင်တော်မူသည်။ ကိုယ်တော်၏ ဘုန်းတော်ကိုထင်ရှားစေရန် လူသား၏ ပြင်းထန်စွာထွက်သော အမျက်ဒေါသကို ပြောင်းလဲစေ၍ အသုံးပြုနိုင်ပေသည်။ သို့သော်၊ ကိုယ်တော်သည် ချုပ်နှောင်ထားသောအခါတွင်၊ မိမိ၏ကောင််းမြတ်သဘောကို သာ၍ထင်ရှားစေပြီး၊ ဘုရားသခင်သည် ချုပ်တည်းဖို့ တတ်နိုင်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည်လွန်သွားသောအခါ၊ ရွေးတော်မူသောကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။ (ထွ၊ ၁၅း၁၆)
ထို့ကြောင့်၊ မိမိအမှုတာဝန်ကိုပြုသောအခါ၊ သူတစ်ပါးကို မကြောက်ပါစေနှင့်။ အရှင်ယေရှုဘုရားပြုတော်မူသကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်ပြီး ဆက်လက်လုပ်ဆောင်လျှင်၊ ဆန့်ကျင်သူများသည် နင်းနယ်လျက်ရှိသောကျူပင် (သို့) မီးခိုးများသောမီးစာကဲ့သို့ အားလျော့လျက် မိမိအားနည်းလှသောပကတိကို သက်သေပြလိမ့်မည်။ လူများသည် အကြောက်တရားဝင်လွယ်သောကြောင့် ကြောက်ရွံ့ခြင်းသို့ ရောက်လွယ်သည်။ သို့သော်၊ မိမိတို့၏လမ်းပေါ်ရှိ ပင့်ကူအိမ်များကို ဧရာမအကောင်ကြီးတစ်ကောင်မှ ဖယ်ရှားလွယ်လှသလို၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင့်မဲ့ ယုံကြည်သူများသည် ကြောက်ရွံ့ခြင်းကို ဖယ်ရှားလွယ်လှသည်။ သခင်ဘုရားသည် အခွင့်ပေးတော်မမူလျှင်၊ မည်သူမျှ ကျွန်တော်တို့ကို မပျက်စီးနိုင်ပါ။ အမိန့်တော်၏တန်ခိုးတော်သည် မာရ်နတ်ကိုပင် ထွက်ပြေးစေသလို၊ မာရ်နတ်၏ နတ်ဆိုးများကိုလည်း သေချာစွာ ထိန်းချုပ်နိုင်သည်။ မိတ်ဆွေသည် နတ်ဆိုးများကိုကြောက်ခြင်းထက်၊ နတ်ဆိုးများသည် မိတ်ဆွေကို သာ၍ကြောက်နိုင်သည်။ ထို့ကြောင့်၊ ရဲရင့်စွာ ချီတက်ကြပါစို့။ ထို့ကြောင့်၊ မဟာရန်သူများကို မျှော်လင့်ထားသည့်နေရာ၌ပင်၊ မဟာမိတ်များကို ရှာဖွေတွေ့ရှိလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။
More