YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 18:1-17

တမန်တော် 18:1-17 JBMLE

ထို​နောက် ပေါ​လု​သည် အာ​သင်​မြို့​မှ ထွက်​သွား၍ ကော​ရိ​န္သု​မြို့​သို့ ရောက်​လေ၏။- ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ရော​မ​မြို့​မှ ထွက်​သွား​ရ​မည်​အ​ကြောင်း၊ က​လော​ဒိ​မင်း အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ပု​န္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​သည် ဣ​တ​လိ​ပြည်​မှ​လာ၍၊ မိ​မိ​မ​ယား ပြစ်​ကိ​လ​နှင့်​တ​ကွ မ​ကြာ​မ​မြင့်​မီ ရောက်​လာ​သည်​ကို ပေါ​လု​တွေ့​လျှင် သူ​တို့​ဆီ​သို့​ဝင်၍၊- အ​လုပ်​ချင်း​တူ​သော​ကြောင့်၊ သူ​တို့​နှင့်​နေ၍ အ​လုပ်​လုပ်​လေ၏။ ထို​သူ​တို့​သည် တဲ​ရှင်​ကို​ချုပ်​တတ်​သော အ​ချုပ်​သ​မား​ဖြစ်​ကြ၏။- ပေါ​လု​သည်​လည်း ဥ​ပုသ်​နေ့​မ​ပြတ် တ​ရား​ဇ​ရပ်၌ ဆွေး​နွေး​ဟော​ပြော၍၊ ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​လေ၏။- သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။- ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊- ထို​အ​ရပ်​မှ​ထွက်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော ယု​တ္တု အ​မည်​ရှိ​သော​သူ၏ အိမ်​သို့​သွား၏။ ထို​အိမ်​သည် တ​ရား​ဇ​ရပ်​နှင့် စပ်​လျက်​ရှိ​သ​တည်း။- က​ရိ​ပ္ပု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် မိ​မိ​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​လေ၏။ ကော​ရိ​န္သု​ပြည်​သား အ​များ​တို့​သည်​လည်း ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ည​အ​ခါ သ​ခင်​ဘု​ရား​သည် ပေါ​လု​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ပြ၍၊ သင်​သည်​မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ မ​နေ​နှင့်။ ဟော​ပြော​လော့။- ငါ​သည် သင်​နှင့်​အ​တူ​ရှိ၏။ သင့်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ အ​နိုင်​အ​ထက်​မ​ပြု​ရ။ ဤ​မြို့၌ ငါ၏​လူ​အ​များ​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ပေါ​လု​သည် ထို​မြို့​သူ​မြို့​သား​တို့​အား ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သွန်​သင်၍ တစ်​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး နေ​လေ၏။ အ​ခါ​ယ​ပြည်​ကို ဂါ​လျုန်​မင်း​သည် ဝန်​အ​ရာ​နှင့် အုပ်​စိုး​သော​အ​ခါ ယု​ဒ​လူ​များ​သည် တ​ညီ​တ​ညွတ်​တည်း ပေါ​လု​ကို အ​နိုင်​အ​ထက်​ပြု၍ တ​ရား​ပ​လ္လင်​ရှေ့​သို့ ယူ​သွား​ပြီး​လျှင်၊- လူ​တို့​သည် ဘု​ရား​ကို​မ​တ​ရား​သ​ဖြင့် ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ ဤ​သူ​သည် ဖြား​ယောင်း​တတ်​ပါ​သည် ဟု​ဆို​ကြ၏။- ပေါ​လု​သည် နှုတ်​ကို​ဖွင့်​မည်​ပြု​သော်၊ ဂါ​လျုန်​မင်း​က၊ အ​ချင်း ယု​ဒ​လူ​တို့၊ မ​တ​ရား​သော​အ​မှု၊ ဆိုး​ယုတ်​ညစ်​ညူး​သော​အ​မှု​ဖြစ်​လျှင်၊ ငါ​သည်​သင်​တို့​ကို အ​ကြောင်း​ရှိ​သည်​အ​တိုင်း သည်း​ခံ​ရ​မည်။- သို့​မ​ဟုတ် စ​ကား​သော်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​ခြင်း​သော်​လည်း​ကောင်း၊ သင်​တို့၏ ဘာ​သာ​တ​ရား​သော်​လည်း​ကောင်း၊ သင်​တို့​သည်​အ​စီ​ရင်​ခံ​လျှင် ကိုယ်​အ​မှု​ကို စောင့်​ကြ​လော့။ ထို​သို့​သော အ​မှု​ကို​စီ​ရင်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု​ဆို​လျက်၊- ယု​ဒ​လူ​တို့​ကို တ​ရား​ပ​လ္လင်​မှ ပယ်​ရှား​စေ၏။- ထို​အ​ခါ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် တ​ရား​ဇ​ရပ်​မှူး သုဿင်​ကို​ယူ၍ တ​ရား​ပ​လ္လင်​ရှေ့​မှာ ရိုက်​ကြ၏။ ထို​အ​မှု​ကို​လည်း ဂါ​လျုန်​မင်း​သည် အ​မှု​မ​ထား​ဘဲ​နေ၏။

​တမန်တော် 18:1-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။