YouVersion လိုဂို
ရှာရန် အိုင်ကွန်

သောကမီးမှ လွတ်မြောက်ချမ်းသာနမူနာ

Comfort in Anxiety

7 ၏ နေ့ 3

သံကြိုးများ ကျိုးသွားပါပြီ

ထာဝရဘုရားသည် ချုပ်ထားခြင်းကိုခံရသောသူတို့ကို လွှတ်တော်မူ၏။ (ဆာ၊ ၁၄၆း၃ခ)

ကိုယ်တော်မြတ်သည် ပြုတော်မူခဲ့ပြီ။ ယောသပ်၊ အဲဂုတ္တုပြည်ရှိ ဣသရေလလူမျိုး၊ မနာရှေ၊ ယေရမိ၊ ရှင်ပေတရုနှင့် ဘုရားသခင် ကယ်လွှတ်ခံခဲ့ရသော အခြားများစွာသောသူတို့ကို အောက်မေ့သတိရပါ။ ဘုရားရှင်သည် ထိုသို့လုပ်စွမ်းနိုင်သူ ဖြစ်သည်။ သူသည် အဆီးအတားများကို ဖြိုဖျက်လျက် ချည်နှောင်သောသံကြိုးတို့ကို လွယ်ကူစွာ ဖယ်တတ်ပါသည်။ ယခု၊ ဒုက္ခရောက်နေသောဝိညာဉ်များသည် မရေမတွက်နိုင်သောနေရာများတွင် လွတ်မြောက်ချမ်းသာကို ရရှိခံစားနေကြသည်။ အရှင်ယေရှုဘုရားသည် ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်မြောက်စေဟု ဆက်လက်ကြေညာနေဆဲ ဖြစ်သည်။ ဤစာကိုဖတ်ရှုစဉ်တွင်ပင်၊ ထောင်တံခါးရှိသမျှတို့သည် တရွေ့ရွေ့ပွင့်ပြီး လူများ၏သံကြိုးတို့သည် မြေပြင်ပေါ်ကျသွားလျက် လွတ်ခဲ့ကြသည်။

ဝမ်းနည်းခြင်း၊ သံသယယုံမှားခြင်းနှင့် ကြောက်ခြင်းသံဝေဂများဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါက၊ လွတ်မြောက်ချမ်းသာပေးစေရန် အရှင်ယေရှုဘုရားအဖို့ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ပါ။ မိတ်ဆွေကို လွတ်မြောက်ချမ်းသာပေးစေဖို့ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ မိတ်ဆွေသည် လွတ်မြောက်ချမ်းသာကို ရရှိခံစားစေခြင်းအရာ၌ အလွန်ဝမ်းမြောက်စေသလို၊ ကိုယ်တော်ဘုရားသည် မိတ်ဆွေကို လွတ်မြောက်ချမ်းသာပေးစေခြင်းအမှု၌ အလွန်ဝမ်းမြောက်တော်မူပါသည်။ မိမိကိုယ်ကို၊ လွတ်မြောက်အောင် လုပ်ဖို့မလိုပါ။ သခင်ကိုယ်တော်တိုင် ပြုတော်မူလိမ့်မည်။ ကိုယ်တော်ကို ယုံကြည်အားကိုးပါ။ သူသည် မိတ်ဆွေ၏ လွတ်မြောက်သူ ဖြစ်ပါလိမ့်မည်။ မိတ်ဆွေမျက်မှောက်မှာ ကြောက်မက်ဖွယ်အဆီးအတားများ ရှိနေသော်လည်း ကိုယ်တော်ကို ယုံကြည်ပါ။ မာရ်နတ်သည် မိတ်ဆွေကို အကျဉ်းချ၍မရသလို၊ အပြစ်တရားသည် မိတ်ဆွေကို ချုပ်နှောင်ထား၍မရနိုင်ပါ။ အဆုံးမရှိ အနန္တကျေးဇူးတော်အရှင် အရှင်ယေရှုဘုရားကို ယုံကြည်အားကိုးလျှင်၊ စိတ်ပျက်အားငယ်မှုပင် မိတ်ဆွေကို ချုပ်နှောင်ထားနိုင်မည် မဟုတ်ပေ။ ရန်သူတဘက်၌ ခိုင်ခံ့မြဲမြံစွာ ရပ်တည်ပြီး၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကိုခံရသောသူတို့ကို လွှတ်တော်မူ၏တည်းဟူသော နှုတ်ကပတ်တော်တရားသည် မိမိတို့၏ ကယ်တင်ခြင်းသီချင်းဖြစ်ပါစေ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Comfort in Anxiety

ဤဖတ်ရှုအစီစဉ်သည် မိတ်ဆွေအား သောကမီးလောင်လျက် ကြောက်ရွံ့သောအခါ အားပေးပါလိမ့်မည်။ ဤအစီစဉ်သည် ယုံမှားကင်းသောယုံကြည်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို အားကိုးခြင်းဖြင့် အကြောက်တရားကို ကျော်လွှားသောလမ်းကို လင်းစေလိမ့်မည်။ ပြင်းထန်လှသောပဋိပက္ခကြားထဲမှာ ငြိမ်သက်ခြင်း ရရှိခံစားနိုင်ပါသည်။ ဤကတိတော်များသည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်းပြုစုတတ်သော ရဲရင့်သတ္တိကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးပါလိမ့်မည်။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏စာအား ခေတ်မီအင်္ဂလိပ်ဘာသာသို့ မွမ်းမံပြီးမှ မြန်မာဘာသာစကားသို့ ထပ်ဆင့်ဘာသာပြန်ဆိုထားပါသည်။

More

ဤအစီအစဥ်အတွက် GlobalRize ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ https://globalrize.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။