YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 98

98
ဖြောင့်​မတ်​ခြင်း​အ​တွက်​ချီး​မွမ်း​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ လက်​ယာ​လက်​တော်​နှင့် သန့်​ရှင်း​သော လက်​ရုံး​တော်​သည် ကိုယ်​တော်​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု​လေ​ပြီ။ 2ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ထင်​ရှား​စေ၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို​လည်း တစ်​ပါး​အ​မျိုး​သား​တို့​အား ဖော်​ပြ​တော်​မူ​ပြီ။ 3ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို အောက်​မေ့​တော်​မူ​ပြီ။ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​ပြီ။ 4မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ အ​သံ​ဗ​လံ​ကို​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​လျက် ချီး​မွမ်း​ကြ​လော့။ 5စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍ တူ​ရိ​ယာ​သံ​ကို ပြု​ကြ​လော့။ 6တံ​ပိုး​နှဲ​ခ​ရာ​ကို​မှုတ်၍၊ ရှင်​ဘု​ရင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြွေး​ကြော်​ကြ​လော့။ 7ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ကို ပြု​စေ။ လော​က​ဓာတ်​နှင့် လော​က​သား​တို့​သည် ထို​နည်း​တူ၊ 8မြစ်​တို့​သည် လက်​ခုပ်​တီး၍၊ တောင်​ရှိ​သ​မျှ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။ 9အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ လူ​များ​ကို ဟုတ်​မှန်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 98: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ