YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 97

97
တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင်
1ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ မြေ​ကြီး​သည် ဝမ်း​မြောက်၍၊ ကျွန်း​များ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။ 2မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။ 3မီး​သည် ရှေ့​တော်၌​သွား၍၊ ရန်​သူ​တို့​ကို အ​လှည့်​လှည့် လောင်​လေ၏။ 4လျှပ်​စစ်​တော်​သည် လော​က​ဓာတ်​ကို လင်း​စေ၏။ မြေ​ကြီး​သည် မြင်၍​တုန်​လှုပ်၏။ 5ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌၊ တောင်​တို့​သည် ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ဖြစ်​ကြ၏။ 6ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည်​ထင်​ရှား​စွာ​ပြ၍၊ လူ​များ​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို မြင်​ရ​ကြ၏။ 7ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။
8အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့ အ​ကြောင်း​ကြောင့်၊ ဇိ​အုန်​မြို့​သည် ကြား၍ ရွှင်​လန်း​ပါ၏။ ယု​ဒ​သ​တို့​သ​မီး​တို့​လည်း ဝမ်း​မြောက်​ကြ​ပါ၏။ 9အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့​ထက် ကြီး​မြင့်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် အ​လွန်​ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။ 10ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​သူ​တို့၊ မ​ကောင်း​သော​အ​မှု​ကို ရွံ​ရှာ​ကြ​လော့။ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို စောင့်​မ​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့၏​လက်​မှ​လည်း ကယ်​နုတ်​တော်​မူ၏။ 11အ​လင်း​သည် တ​ရား​သော​သူ​အ​ဖို့၊ ဝမ်း​မြောက်​ခြင်း​သည် သ​ဘော​ဖြောင့်​သော သူ​တို့​အ​ဖို့ ပျိုး​ကြဲ​လျက်​ရှိ၏။ 12ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 97: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ