YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 99

99
ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ လူ​များ​တို့​သည် တုန်​လှုပ်​ခြင်း​ရှိ​ကြ​စေ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ၏။ မြေ​ကြီး​သည် လှုပ်​ရှား​ခြင်း​ရှိ​စေ။#ထွ၊ ၂၅:၂၂။ 2ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​မှာ ကြီး​မြတ်​တော်​မူ၏။ လူ​များ​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။ 3ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​သော နာ​မ​တော်​ကို​ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​သည် သန့်​ရှင်း​ခြင်း​ရှိ​သ​တည်း။ 4တ​ရား​ကို​နှစ်​သက်​သော ရှင်​ဘု​ရင်၏​တန်​ခိုး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကိုယ်​တော်​သည် မှန်​သော​စီ​ရင်​ခြင်း​ကို တည်​စေ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌ တ​ရား​သ​ဖြင့်​ပြု၍၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​တော်​မူ၏။ 5ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်​ကြ​လော့။ ခြေ​တော်​တင်​ရာ​ခုံ​အောက်၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် သန့်​ရှင်း​တော်​မူ​သ​တည်း။
6ယဇ်​ပု​ရော​ဟိတ်​မော​ရှေ​နှင့် အာ​ရုန်၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှ​မွေ​လ၊ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​တော်​သည် ထူး​တော်​မူ၏။ 7သူ​တို့​အား မိုး​တိမ်​တိုင်​ထဲ​က မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​များ​ကို​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို​လည်း​ကောင်း စောင့်​ရှောက်​ကြ၏။#ထွ၊ ၃၃:၉။ 8အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သူ​တို့​ကို ထူး​တော်​မူ၏။ သူ​တို့​အ​မှု​ကြောင့် အ​ပြစ်​ပေး​သော်​လည်း၊ သူ​တို့​ကို သည်း​ခံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။ 9ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်​ကြ​လော့။ သန့်​ရှင်း​သော​တောင်​တော်​မှာ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 99: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ