YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 23:20-33

ထွက်မြောက်ရာ 23:20-33 JBMLE

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။ ထို​တ​မန်​ကို ရို​သေ​စွာ​ပြု​လော့။ စ​ကား​တော်​ကို နား​ထောင်​လော့။ အာ​ဏာ​တော်​ကို မ​ဆန်​နှင့်။ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို သူ​သည်​မ​လွှတ်။ ငါ့​နာ​မ​သည် သူ၌​တည်​ရှိ၏။ အ​ကယ်​စင်​စစ် သင်​သည်​သူ့​စ​ကား​ကို နား​ထောင်၍ ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း​ပြု​လျှင်၊ သင်၏​ရန်​သူ​တို့​ကို ငါ​သည်​ရန်​ဘက်​ပြု​မည်။ သင့်​ကို ဆီး​တား​သော​သူ​တို့​ကို​လည်း ငါ​ဆီး​တား​မည်။ ငါ့​တ​မန်​သည် သင့်​ရှေ့၌​သွား၍ သင့်​ကို အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ​သို့ ဆောင်​သွင်း၍၊ သူ​တို့​ကို ပယ်​ရှင်း​မည်။ သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။ သင်၏​ပြည်​တွင် ကိုယ်​ဝန်​ပျက်​သော​သ​တ္တ​ဝါ၊ မြုံ​သော သ​တ္တ​ဝါ​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်၏​အ​သက်​တန်း​ကို ငါ​စုံ​လင်​စေ​မည်။ ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။ ပျား​တူ​များ​ကို​လည်း သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​တို့​သည် ဟိ​ဝိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ​တို့​ကို သင့်​ရှေ့​မှာ​နှင်​ထုတ်​ကြ​လိမ့်​မည်။ ထို​လူ​များ​ကို တစ်​နှစ်​ချင်း​တွင် သင့်​ရှေ့​မှာ​ငါ​မ​နှင်​ထုတ်။ သို့​ပြု​လျှင် ပြည်​သည် လူ​ဆိတ်​ညံ၍ သား​ရဲ​သည်​သင့်​တစ်​ဖက်၌ များ​ပြား​လိမ့်​မည်။ သင်​သည်​တိုး​ပွား၍ တစ်​ပြည်​လုံး​ကို ဝင်​စား​သည်​တိုင်​အောင်၊ သူ​တို့​ကို သင့်​ရှေ့​မှာ ဖြည်း​ဖြည်း​ငါ​နှင်​ထုတ်​မည်။ သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။ သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့်​လည်း​ကောင်း၊ သင်​သည်​မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ သင်​သည် ငါ့​ကို​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သူ​တို့​သည်​ပြု​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် သင့်​ပြည်၌​မ​နေ​ရ​ကြ။ သင်​သည် သူ​တို့​ဘု​ရား​ကို​ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​အ​မှန် ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

​ထွက်မြောက်ရာ 23:20-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။