YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 23:20-33

ထွက်မြောက်ရာ 23:20-33 Judson Bible (JBMLE)

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။ ထို​တ​မန်​ကို ရို​သေ​စွာ​ပြု​လော့။ စ​ကား​တော်​ကို နား​ထောင်​လော့။ အာ​ဏာ​တော်​ကို မ​ဆန်​နှင့်။ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို သူ​သည်​မ​လွှတ်။ ငါ့​နာ​မ​သည် သူ၌​တည်​ရှိ၏။ အ​ကယ်​စင်​စစ် သင်​သည်​သူ့​စ​ကား​ကို နား​ထောင်၍ ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း​ပြု​လျှင်၊ သင်၏​ရန်​သူ​တို့​ကို ငါ​သည်​ရန်​ဘက်​ပြု​မည်။ သင့်​ကို ဆီး​တား​သော​သူ​တို့​ကို​လည်း ငါ​ဆီး​တား​မည်။ ငါ့​တ​မန်​သည် သင့်​ရှေ့၌​သွား၍ သင့်​ကို အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ​သို့ ဆောင်​သွင်း၍၊ သူ​တို့​ကို ပယ်​ရှင်း​မည်။ သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။ သင်၏​ပြည်​တွင် ကိုယ်​ဝန်​ပျက်​သော​သ​တ္တ​ဝါ၊ မြုံ​သော သ​တ္တ​ဝါ​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်၏​အ​သက်​တန်း​ကို ငါ​စုံ​လင်​စေ​မည်။ ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။ ပျား​တူ​များ​ကို​လည်း သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​တို့​သည် ဟိ​ဝိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ​တို့​ကို သင့်​ရှေ့​မှာ​နှင်​ထုတ်​ကြ​လိမ့်​မည်။ ထို​လူ​များ​ကို တစ်​နှစ်​ချင်း​တွင် သင့်​ရှေ့​မှာ​ငါ​မ​နှင်​ထုတ်။ သို့​ပြု​လျှင် ပြည်​သည် လူ​ဆိတ်​ညံ၍ သား​ရဲ​သည်​သင့်​တစ်​ဖက်၌ များ​ပြား​လိမ့်​မည်။ သင်​သည်​တိုး​ပွား၍ တစ်​ပြည်​လုံး​ကို ဝင်​စား​သည်​တိုင်​အောင်၊ သူ​တို့​ကို သင့်​ရှေ့​မှာ ဖြည်း​ဖြည်း​ငါ​နှင်​ထုတ်​မည်။ သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။ သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့်​လည်း​ကောင်း၊ သင်​သည်​မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ သင်​သည် ငါ့​ကို​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သူ​တို့​သည်​ပြု​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် သင့်​ပြည်၌​မ​နေ​ရ​ကြ။ သင်​သည် သူ​တို့​ဘု​ရား​ကို​ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​အ​မှန် ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထွက်မြောက်ရာ 23:20-33 Common Language Bible (BCL)

``ခ​ရီး​လမ်း​တွင်​သင်​တို့​အား​စောင့်​ရှောက်​ရန်​နှင့် ငါ​ပြင်​ဆင်​သော​အ​ရပ်​သို့ သင်​တို့​ကို​ပို့​ဆောင်​ရန် သင်​တို့​ရှေ့​က​ကောင်း​ကင်​တ​မန်​ကို​ငါ​စေ​လွှတ် မည်။- သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။- သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။- ငါ​၏​ကောင်း​ကင်​တ​မန်​သည်​သင်​တို့​ရှေ့​က သွား​၍ အာ​မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​လိမ့်​မည်။ ထို​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ငါ​သုတ်​သင်​ဖျက်​ဆီး မည်။- သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။- သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။- သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။ ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။- ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။- ငါ​သည်​ထို​လူ​မျိုး​အား​လုံး​တို့​ကို​တစ်​နှစ် အ​တွင်း​မောင်း​ထုတ်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို သို့​ပြု​မူ​ပါ​မူ တိုင်း​ပြည်​တွင်​လူ​သူ​ကင်း​မဲ့​၍ သား​ရဲ​များ​မင်း​မူ​သ​ဖြင့်​သင်​တို့​အား​အန္တရာယ် ဖြစ်​စေ​မည်။- သင်​တို့​သည်​တိုင်း​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ရန်​လူ​ဦး ရေ​တိုး​ပွား​လာ​သည်​အ​ထိ ငါ​သည်​သူ​တို့​ကို တစ်​စ​တစ်​စ​မောင်း​ထုတ်​မည်။- ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။- သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။- သင်​တို့​၏​ပြည်​တွင်​သူ​တို့​ကို​နေ​ထိုင်​ခွင့်​မ​ပေး နှင့်။ သူ​တို့​အား​နေ​ထိုင်​ခွင့်​ပေး​လျှင် သူ​တို့​သည် သင်​တို့​ကို​ငါ့​အား​ပြစ်​မှား​စေ​လိမ့်​မည်။ သင် တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ကိုး​ကွယ် ပါ​က အ​မှန်​ပင်​ပျက်​စီး​ဆုံး​ရှုံး​စေ​မည့် ထောင်​ချောက်​ထဲ​သို့​ကျ​ရောက်​ကြ​လိမ့်​မည်။''

ထွက်မြောက်ရာ 23:20-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကြည့်ရှု​လော့​။ လမ်းခရီး​၌ သင့်​ကို​စောင့်ရှောက်​ရန်​လည်းကောင်း​၊ ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ သင့်​ကို​ပို့ဆောင်​ရန်​လည်းကောင်း သင်​၏​ရှေ့​၌ ကောင်းကင်တမန်​ကို ငါ​စေလွှတ်​၏​။ သူ့​ကို​အလေးထား​လော့​။ သူ​၏​စကား​ကို နားထောင်​လော့​။ သူ​သည် သင်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​မည်​မ​ဟုတ်​သောကြောင့် သူ့​ကို​မ​ဆန့်ကျင်​နှင့်​။ အကြောင်းမူကား ငါ့​နာမ​သည် သူ​၌​တည်​၏​။ သင်​သည် သူ​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ ငါ​မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို​ပြုကျင့်​လျှင် သင့်​ရန်သူ​တို့​သည် ငါ့​ရန်သူ​ဖြစ်​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​ကို ငါ​ရန်ပြု​မည်​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​၌​သွား​၍ သင့်​ကို အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထံသို့ ပို့ဆောင်​မည်​။ ငါ​သည် ထို​လူမျိုး​တို့​ကို​ပယ်ဖျက်​မည်​။ သူ​တို့​၏​ဘုရား​များ​ကို မ​ပျပ်ဝပ်​ရ​။ မ​ကိုးကွယ်​ရ​။ သူ​တို့​၏​ဓလေ့ထုံးစံ​များ​အတိုင်း မ​ပြုကျင့်​ရ​။ ထို​ဘုရား​များ​ကို ရှင်းရှင်း​ဖြိုဖျက်​ရ​မည်​။ သူ​တို့​အထွတ်အမြတ်​ထား​သော​ကျောက်တိုင်​များ​ကို အကုန်အစင်​ဖြိုလှဲ​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဝတ်ပြု​ရ​မည်​။ ကိုယ်တော်​သည်​လည်း သင်​၏​မုန့်​နှင့်​ရေ​ကို ကောင်းချီးပေး​တော်မူ​၍ သင့်​အထဲ​မှ အနာရောဂါ​ကို ဖယ်ရှား​တော်မူ​မည်​။ သင်​၏​ပြည်​၌ မည်သူ​မျှ သားပျက်​ခြင်း​၊ မြုံ​ခြင်း ရှိ​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို သက်တမ်း​စေ့​နေ​စေ​မည်​။ ငါ့​ကို​ကြောက်ရွံ့ထိတ်လန့်​သော​သဘော​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​၍ သင်​ရောက်​မည့်​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​ကာ သင်​၏​ရန်သူ​အပေါင်း​တို့​ကို နောက်သို့​ပြန်လှည့်​စေ​မည်​။ ငါ​သည် ပျားတူ​များ​ကို သင့်​ရှေ့​မှ စေလွှတ်​သဖြင့် ၎င်း​တို့​သည် ဟိဝိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​ကြ​လိမ့်မည်​။ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ​တစ်​နှစ်​ချင်း​တွင် နှင်ထုတ်​မည်​မ​ဟုတ်​။ နှင်ထုတ်​လျှင် ထို​ပြည်​သည် လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​များပြား​သော​ပြည်​ဖြစ်​လိမ့်မည်​။ သင်​သည်​ပွားများ​၍ ထို​ပြည်​ကို သင်​ပိုင်ဆိုင်​သည်​အထိ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ တဖြည်းဖြည်း​နှင်ထုတ်​မည်​။ သင်​၏​နယ်နိမိတ်​ကို ပင်လယ်နီ​မှ ဖိလိတ္တိ​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ တောကန္တာရ​မှ ယူဖရေးတီး​မြစ်​တိုင်အောင်​လည်းကောင်း ငါ​သတ်မှတ်​မည်​။ အကြောင်းမူကား ငါ​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​သည် သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​လိမ့်မည်​။ သင်​သည် ထို​သူ​တို့​နှင့်​လည်းကောင်း​၊ ထို​သူ​တို့​၏​ဘုရား​များ​နှင့်​လည်းကောင်း ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​ကို သင်​၏​ပြည်​၌ နေထိုင်​ခွင့်​မ​ပြု​ရ​။ နေထိုင်​ခွင့်​ပြု​လျှင် သင်​သည် ငါ့​ကို​ပြစ်မှား​မည့်​အကြောင်း သူ​တို့​ပြု​လိမ့်မည်​။ သူ​တို့​၏​ဘုရား​များ​ကို​ဝတ်ပြု​လျှင် သူ​တို့​သည် သင်​တို့​၌ ထောင်ချောက်​အမှန်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။