YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 3

သူတစ်ပါးက အပြစ်ဒုစရိုက်ကို လွန်ကျူးမိတဲ့အခါ မိတ်ဆွေအား ဘယ်လိုတုန့်ပြန်သလဲ။

သူရဲ့အပြစ်ကို ဖော်ပြပြီး မိမိဒေါသမီးကို ထွက်စေဖို့ အခွင့်ပေးပါသလား။ အဲဒီလူအကြောင်း အတင်းစကား အတင်းအဓမ္မ ပြောပါသလား။

ဒါမှမဟုတ်ရင်၊ နူးညံ့သိမ်မွေ့သဘော ရှိပြီး ထိုသူဆီ နိမ့်ချစွာ ချဉ်းကပ်ပါသလား။

အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်းရှိကြပါလို့ တမန်တော်ကြီး ရှင်ပေါလုက ကျွန်တော်တို့ကို သတိပေးခဲ့တယ်။

ဒီလောကကြီးမှာ အပြစ်တရားနှင့် ပဋိပက္ခတွေ ရှိတဲ့အတွက် တစ်ယောက်ကို တစ်ယောက် သည်းခံစရာ လိုအပ်တယ်။ တစ်နည်းပြောရရင်တော့ အချင်းချင်း စိတ်ရှည်စွာ နားလည်ပေးပါ။

သူတစ်ပါးနဲ့ သိပ်မတည့်ပေမဲ့ ဘာပဲဖြစ်ဖြစ် စိတ်ရှည်စွာ ချစ်ရမှာပါပေါ့။

ဒါက လုပ်ဖို့ရန်အတွက် သိပ်မလွယ်ဘူးနော်။

နောက်တစ်ခါ တစ်စုံတစ်ယောက်က မိတ်ဆွေကို စိတ်မရှည်အောင် လုပ််တဲ့အခါ ခေတ္တခဏရပ်၍ အဲဒီသူကို သည်းခံပြီး မေတ္တာနှင့် ကရုဏာတို့ဖြင့် တုံ့ပြန်စေဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သောအစီအစဉ်များ