ထာဝရဘုရားကို မျှော်လင့်ပါနမူနာ
မိမိအမျိုးတစ်စုံတစ်ယောက်အပေါ် စိတ်မရှိဘဲ ဒေါသထွက်ခဲ့ပါသလား။ ကားမောင်တဲ့အခါလည်း ဒေါသမီးကို ထွက်ခဲ့ပါသလား။ မိမိအိမ်ထံ ပို့တဲ့ စာ (သို့) ပစ္စည်းတွေအတွက် စောင့်မျှော်တဲ့အခါမှာ စိတ်ဆိုးပြီး အမျက်ကို ထွက်ခဲ့ပါသလား။
လူတွေအားလုံး ဒေါသမီး ရှိကြပါတယ်။
ဘာကြောင့် ဒေါသမီး လောင်နေကြသလဲ။ မကျေနပ်တဲ့စိတ် ဘယ်ကလာသလဲ။
အမှန်မှာ၊ ခပ်သိမ်းသောအရာတို့ကို အုပ်ချုပ်ချင်တဲ့စိတ်ဟာ ဒေါသမီးကို ပြုစုစေတယ်။
ဧဝက ဘုရားသခင်ရဲ့ အကြံစည်တော်နဲ့ စီရင်ခြင်းတို့ကို မယုံဘဲလျက် မိမိအလိုဆန္ဒကို ဦးစားပေးပြီမှ အသီးကို စားလိုက်ခဲ့တယ်။ ဧဝက အာဏာကို သိမ်းချင်ခဲ့တယ်။
ကျွန်တော်တို့က ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့က အရာခပ်သိမ်းကို အုပ်ချုပ်ချင်ပြီး မိမိအလိုဆန္ဒကို မပြည့်စုံရင် စိတ်ဆိုးလျက် မကျေမနပ်ဘဲ နေကြတယ်။
မိမိရေးကြီးမှုကို အတင်းအဓမ္မ ချီးမြှောက်တဲ့အခါ မိမိဒေါသကို ပိုမိုကြီးစေတယ်။ သူတစ်ပါးက ကျွန်တော်တို့အကြံစည်တွေ မလိုက်ရင် မိမိဒေါသလည်း ပိုမိုကြီးစေတယ်။
ဒါဆို၊ နောက်တစ်ခါ မကျေနပ်တဲ့စိတ် ရှိတဲ့အခါမှာ၊ ကျွန်တော်က ဘုရားမဟုတ်ဘဲ ခပ်သိမ်းသောအရာတို့ကို မအုပ်ချုပ်နိုင်တော့ဘူးလို့ မိမိကိုယ်ကို ပြောလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။
More