YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 7

ဟိုတစ်နေ့က ဒီကျမ်းပိုဒ်ဟာ ဖတ်ခဲ့တဲ့မလားလို့ မိတ်ဆွေက တွေးကောင်းတွေးနိုင်ပါတယ်။

ဟုတ်တယ်။ အဲဒီကျမ်းပိုဒ်လေးပဲ ဖတ်ခဲ့တာပဲနော်။

ကျမ်းပိုဒ်တွေ တပ်သလဲလဲ ပြန်ဖတ်ရင် ကောင်းတာပဲ။ သမ္မာကျမ်းစာကို ပြန်ဖတ်တဲ့အခါ အခြားအမှန်တရားတွေ ဒီတစ်ခေါက် ပိုမိုထင်ရှားစေလိမ့်မယ်။ မနေ့က မတွေ့တဲ့ သမ္မာတရားကို ဒီနေ့တွင်ပဲ တွေ့နိုင်တယ်။ ဒီနေ့တွင်၊ အခြားဝေါဟာရတွေနဲ့ ပိုမိုသတိပြုမိတယ်။

ဒီကျမ်းပိုဒ်ကို နောက်ဆုံးကြည့်ရှုတဲ့အခါ၊ ယာဣရုရဲ့ တုံ့ပြန်မှုကို အာရုံစိုက်ခဲ့တယ်။

ဒီနေ့ကတော့၊ အရှင်ယေရှုဘုရားရဲ့ တုံ့ပြန်မှုကို အာရုံစိုက်ကြရအောင်။

လူတစ်စုံတစ်ယောက်က နာမည်ကျော် ခရစ်ယာန်ဆရာနှင့် စာရေးဆရာ ဒလစ်ဝိလဒ် (Dallas Willard) ကို ယေရှုအား စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြပါလို့ တောင်းဆိုခဲ့ဖူးတယ်။ အဲဒီဆရာက ဘယ်လိုပြောသလဲဆိုတော့ ယေရှုဟာ စိတ်အေးလက်အေးသူတဲ့။

စဉ်းစားလိုက်ပါ။ အရှင်ယေရှုဘုရားဟာ ဘယ်တုန်းကမှ အလျင်လိုမနေခဲ့ဘူး။

အရှင်ယေရှုဘုရား ဟိုဟိုဒီဒီ မြန်မြန်သွားတာ မဟုတ်ဘူး။ ဒီနေ့ရဲ့ကျမ်းပိုဒ်က အဲဒီအမှုကို ဖော်ပြထားတယ်။

အရှင်ယေရှုဘုရားက သေခါနီးတဲ့ ကောင်းမလေးတစ်ယောက်ဆီ သွားတဲ့အခါ၊ အခြားဒုက္ခရောက်နေတဲ့သူဆီ သွားပြီး ကူညီပေးသေးတယ်။ အဆင်မပြေတဲ့အချိန်တွေမှာတောင် ကိုယ်တော်က ဖြည်းဖြည်းချင်းကြွလာဖို့ မကြောက်ဘူး။

စိတ်ရှည်တဲ့သဘောဟာ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးတစ်မျိုး ဖြစ်ပေမဲ့ ပိုမိုစိတ်ရှည်အောင် ကျွန်တော်တို့ကိုယ်တိုင် ကျင့်နိုင်တယ်။ အခက်အခဲကို ကြုံတဲ့အခါ၊ ပြဿနာမမြင်ဘဲ မိမိစိတ်ရှည်ခြင်းကို တိုးပွားစေတဲ့ စိန်ခေါ်မှုပါပဲလို့ မြင်နိုင်တယ်လေ။

မိတ်ဆွေက ပိုမိုစိတ်ရှည်အောင် လုပ်နိုင်ပါတယ်။

ပိုမိုစိတ်ရှည်စေဖို့ ဒီလိုလုပ်ပါစို့...

  • စတိုးဆိုင်တွင် အရှည်ဆုံးတန်းစီခြင်းကို တကူးတက ရွေးချယ်ပါ။
  • ဖြည့်ဖြည့်ချင်းလမ်းလျှောက်ပါ။
  • မိမိဆိုင်ကယ်တွင် အမြန်နှုန်းကန့်သတ်ချက်နဲ့အညီ မောင်းနှင်ပါ။
  • မိမိဓမ္မအာရုံကို မလွဲစေဖို့ မိမိဖုန်းကို ခဏဖိတ်ပါ။

ကျမ်းစာများ

နေ့ 6နေ့ 8

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သောအစီအစဉ်များ