YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:40-56

ရှင်လုကာ 8:40-56 JBMLE

ယေ​ရှု​သည် ပြန်​တော်​မူ​လျှင်၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​လင့်​လျက် နေ​ကြ​သော​ကြောင့် ဝမ်း​မြောက်​စွာ​လက်​ခံ​ကြ၏။- ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊- တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။- ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊- နောက်​တော်​သို့ ချဉ်း​ကပ်၍ အ​ဝတ်​တော်၏​ပန်း​ပွား​ကို တို့​သ​ဖြင့်၊ ထို​ခ​ဏ​ချင်း​တွင် သွေး​သွန်​အ​နာ​ပျောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ငြင်း​လတ်​သော်၊ ပေ​တ​ရု​မှ​စ၍ သူ၏​အ​ပေါင်း​အ​ဖော်​တို့​က၊ သ​ခင်၊ လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​အား ထိ​ခိုက်​တိုက်​မိ​ကြ​သည် ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​တို့​လေ​ပြီ။ ငါ့​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ငါ​သိ၏​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် မိ​မိ​ပုန်း​ရှောင်၍ မ​နေ​နိုင်​သည်​ကို​သိ​လျှင် တုန်​လှုပ်​လျက်​လာ၍၊ အ​ဘယ်​အ​ကြောင်း​ကြောင့် တို့​သည်​ကို​လည်း​ကောင်း၊ ချက်​ချင်း ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက် ကြား​လျှောက်​လေ၏။- ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏ သ​မီး​သေ​ပါ​ပြီ။ ဆ​ရာ​ကို မ​နှောင့်​ယှက်​ပါ​နှင့်​ဟု ဆို၏။- ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့။ ထို​သို့​ရှိ​လျှင် သူ​သည် ဘေး​နှင့် လွတ်​လိမ့်​မည်​ဟု တ​ရား​ဇ​ရပ်​မှူး​အား မိန့်​တော်​မူ၏။- အိမ်​သို့​ရောက်​လျှင်၊ ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​နှင့် မိန်း​မ​ငယ်၏​မိ​ဘ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ အ​ထဲ​သို့​မ​ဝင်​စေ​ခြင်း​ငှာ ဆီး​တား​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ​သည်​ကို ကိုယ်​တော်​က၊ မ​ငို​ကြ​နှင့်။ သူ​ငယ်​သေ​သည် မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​လျှင်၊- သူ​ငယ်​သေ​ကြောင်း​ကို ထို​သူ​တို့​သည်​သိ​သ​ဖြင့် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ သူ​ငယ်​ထ​လော့​ဟု ခေါ်​တော်​မူ​သည်​တွင်၊- စိတ်​ဝိ​ညာဉ်​ပြန်​လာ၍ မိန်း​မ​ငယ်​သည် ချက်​ချင်း​ထ​လေ၏။- သူ့​အား​စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။ မိ​ဘ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။ ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။

​ရှင်လုကာ 8:40-56 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။