YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 5

မိမိသက်တာမှာ၊ မိမိဆွဲတဲ့ အစီစဉ်ကို ရုတ်တရက် ပြောင်းလဲခဲ့တာကို ကြုံဖူးပါသလား။

မိမိဆွဲတဲ့စီစဉ်နဲ့အညီ လုပ်ဆောင်ပြီး မလိုလားအပ်သည့် (သို့) မမျှော်လင့်ထားသည့် ပြောင်းလဲမှုတစ်ခုခု ပေါ်ပေါက်လာတဲ့အခါ စိတ်မရှိဘဲ ဒေါသထွက်ဖို့ အရမ်းလွယ်တယ်နော်။

ဒီနေ့ရဲ့ ကျမ်းပိုဒ်တွင်၊ ယာဣရု အမည်ရှိတဲ့ အမျိုးသားတစ်ယောက်က အရှင်ယေရှုဘုရားဆီ လာရောက်ပြီး (၁၂) နှစ်အရွယ်ရှိတဲ့ မိမိ၌ တစ်ယောက်တည်းသောသမီးဟာ သေဆဲရှိသောကြောင့်ကို ပြောပြခဲ့တယ်။

အရှင်ယေရှုဘုရားက ယာဣရုအိမ်ဆီသွားပြီး သူ့သမီး၏ အနာကို ငြိမ်းစေဖို့ သဘောတူခဲ့တယ်။ ယာဣရုအိမ်ဆီသွားစဉ်တွင် (၁၂) နှစ်ပတ်လုံး သွေးသွန်အနာစွဲတဲ့ မိန်းမတစ်ယောက်က အရှင်ယေရှုဘုရားဆီ ချဉ်းကပ်လျက် အဝတ်တော်ရဲ့ ပန်းပွားကို တို့ခဲ့တယ်။ သူတို့ရဲ့ အစီစဉ်ဟာ ရုတ်တရက် ပြောင်းလဲခဲ့တယ်။

အရှင်ယေရှုဘုရား ဘယ်လိုလုပ်ခဲ့သလဲ။ ကိုယ်တော်က ရပ်၍ အဲဒီမိန်းမကို စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်ပြီး သူ့အခြေနေအကြောင်းကို မေးမြန်းပြီးမှ သူမရဲ့အနာကို ငြိမ်းစေခဲ့တယ်။

မိတ်ဆွေက ယာဣရုဖြစ်ခဲ့ရင် ဘယ်လိုတုံ့ပြန်ရမလဲ။

ကျွန်တော်က ယာဣရုဖြစ်ခဲ့ရင် စိတ်ရှုပ်ပြီး စိတ်မကျေနပ်ဘဲလျက် အရှင်ယေရှုဘုရားအပေါ် နည်းနည်း စိတ်ဆိုးရမှာထင်တယ်။ ဟော့ဗျာ၊ အချိန်သိပ်မရှိတော့ဘူးနော်၊ မြန်မြန်သွားရအောင်လို့ ပြောချင်တဲ့စိတ် ပေါ်လာမှာပေါ့။

ယာဣရုက ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတော့ သေချာ မသိကြဘူး။ သမ္မာကျမ်းစာက မဖော်ပြထားဘူး။

အမှန်တကယ်တော့၊ ယာဣရုက တစ်ခုခုပြောဆိုခဲတာကို မရှိဘူး။ ဘာပဲဖြစ်ဖြစ်၊ ယာဣရုက ယေရှုကို မိမိသေခါနီးတဲ့ သမီးလေးအကြောင်း သတိပြန်ပေးပြီး မြန်မြန်ဆက်သွားစေဖို့ ဇွတ်မပြောတော့ဘူး။

ယေရှုက မိန်းမရဲ့ အနာကို ငြိမ်းစဉ်တွင်၊ ယာဣရုက မိမိအတ္တကို လျှော့ပြီး စိတ်ရှည်စွာ စောင့်ခဲ့တာပါ။

ယာဣရုက အရှင်ယေရှုဘုရားအပေါ် စိတ်မဆိုးဘဲလျက် နားလည်မှုကို ပေးခဲ့တယ်။

မိတ်ဆွေက ယာဣရုလိုပဲ စိတ်ရှည်တတ်ပါသလား။ မိမိအစီစဉ်ကို မပြည့်စုံရင် စိတ်ရှည်စွာ နေနိုင်ပါသလား။ နောက်တစ်ခါ၊ မိမိအစီစဉ်ကို ရုတ်တရက် ပြောင်းလဲရင် ဒေါသမထွက်ဘဲ မိမိစိတ်ရှည်ခြင်းနှင့် နားလည်ခြင်းတို့ကို ဘယ်လိုပြသစေမလဲ။

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သောအစီအစဉ်များ