YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 6

မိမိသခင်နဲ့ ဆင်တူတဲ့ အိမ်မွေးတရိစ္ဆာန်ဓာတ်ပုံတွေ မြင်ဖူးပါသလား။ ထူးထူးခြားခြား ဆင်တူတဲ့ စုံတွဲတွေ မြင်ဖူးပါသလား။

ကျွန်တော်တို့က ကျွန်တော်တို့နှင့်အတူ အမြဲရှိတဲ့သူတွေနဲ့ ပို၍တူလာကြတယ်။ အဲဒီအရာက လူ့ရုပ်အကြောင်းပြောတာ မဟုတ်ဘဲ စိတ်ဓာတ်နဲ့ စိတ်သဘောအကြောင်းကို ပြောတာပါ။

အရှင်ယေရှုဘုရားနဲ့ မိတ်သဟာယဖွဲ့ခြင်းဟာ ထိုနည်းလည်းကောင်းပါပဲ။

ကိုယ်တော်နဲ့အတူ မိတ်သဟာယဖွဲ့ရင် ကိုယ်တော်နဲ့ ပို၍တူလာလိမ့်မယ်။

တမန်တော်ကြီး ရှင်ပေါလုက ဂလာတိဩဝါဒစာထဲတွင် ဒီသမ္မာတရားအကြောင်းကို ဖော်ပြခဲ့တယ်။ ကိုယ်တော်နဲ့အတူ မိတ်သဟာယဖွဲ့တဲ့အခါ၊ ကောင်းတဲ့အရည်အချင်းများတို့ကို ရှိစေဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား မိမိစိတ်နှလုံးကို ပြုပြင်ပါလိမ့်မယ်။ ရှင်ပေါလုက အဲဒီကောင်းတဲ့အရည်အချင်းများတို့ကို ဝိညာဉ်ပကတိ၏အကျိုးလို့ ခေါ်ဝေါ်ခဲ့တယ်။

ပြီးခဲ့တဲ့ရက်တွေတွင် စိတ်ရှည်ခြင်းအကြောင်းကို အများကြီးလေ့လာခဲ့တယ်။ အမှန်မှာ၊ စိတ်ရှည်ခြင်းသို့ ရောက်တဲ့ ဖြတ်လမ်းကို မရှိဘူး။ ရုတ်တရက်ကြီး မပြောင်းလဲနိုင်ဘူး။ အရှင်ယေရှုဘုရားနဲ့အတူ မိတ်သဟာယဖွဲ့ရင် တဖြည်းဖြည်း စိတ်ရှည်လာလိမ့်မယ်။

မိတ်ဆွေက ကိုယ်တော်နဲ့အတူ ပုံမှန်မိတ်သဟာယဖွဲ့နေပါသလား။ နေရက်စဉ်တိုင်းမှာ ဖွဲ့နေပါသလား။ မဟုတ်ပါက၊ ဘုရားသခင်နဲ့ နေ့စဉ် မိတ်သဟာယဖွဲ့ရန် ဘယ်လိုလုပ်နိုင်မလဲ။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သောအစီအစဉ်များ