ထာဝရဘုရားကို မျှော်လင့်ပါနမူနာ
ဘဝက တကယ်ကို အလုပ်ရှုပ်သွားနိုင်ပါတယ်။ အလုပ်များတဲ့အခါ မိမိဝါသနာကို လုပ်ဖို့ မမေ့သွားပေမဲ့ ယေရှုနဲ့ မိတ်သဟာယဖွဲ့ဖို့ မေ့သွားလွယ်တယ်။
ဒီနေ့၊ ငြိမ်ဝပ်လျက်နေဖို့ အားပေးချင်ပါတယ်။
အမှန်တကယ်တော့၊ ငြိမ်ဝပ်လျက် နေခြင်းက ဘုရားသခင်ရဲ့ အသံတော်ကို ကြားစေဖို အချိန်ပေးခြင်း ဖြစ်တယ်။ စကားမပြောဘဲ၊ ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင်အဖို့ မိမိအချိန်ကို ပူဇော်ပေးတယ်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်လျက် သခင်ရဲ့ အသံတော်ကို ကြားစေချင်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က မိမိစိတ်နှလုံးထဲ၌ ဝင်၍ လှုပ်ရှားစေရန် စောင့်မျှော်တဲ့အချိန် ဖြစ်တယ်။
နောက် (၅-၁၀) မိနစ်တွင်၊ မိမိအာရုံလွဲစေတဲ့ အရာတွေကို ခေတ္တခဏ ရှောင့်၍ သခင်ဘုရားနဲ့ မိတ်သဟာယဖွဲ့စေဖို့ မိမိစိတ်နှလုံးကို ပြင်ဆင်ပြီး ဘုရားသခင်ကို မျှော်လင့်လျက် နေပါ။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်ပြီး ဗျာဒိတ်သံကို ကြားစေဖို့ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။
More