YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 2

ဘုရားသခင်က ကျွန်တော်တို့အတွက် အကောင်းဆုံးအရာကို တကယ်ပေးချင်ပါသလားလို့ တစ်ခါတစ်ရံ သံသယစိတ်ဝင်သောကြောင့် ခပ်သိမ်းသောအရာတို့ကို ထိန်းချုပ်ရန် ကြိုးစားနေကြတယ်။

ကျွန်တော်တို့အသက်တာတွင်နဲ့ ဒီသင်္ခါရလောကကြီးရှိ ဒုက္ခတရားကို ထောက်ရှုပြီး ကိုယ်တော်က အဘယ်မျှကာလပတ်လုံး ပုန်း၍ နေမလဲလို့ စဉ်းစားမိတယ်။ ယခုပဲ ကိုယ်တော်က ထတော်မူပြီး အဓမ္မမှုမှန်သမျှကို ပယ်ရှားဖို့ မြင်စေချင်တယ်။

ရှင်ဘုရင်ကြီး ဒါဝိဒ်က ဆင်ရဲဒုက္ခဝေဒနာကို သိကျွမ်းတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါဝိဒ်ရဲ့ လူငယ်ဘဝတွင် သေဘေးနဲ့ လွတ်စေဖို့ ဘုရင်ရှောလုထံမှ ထွက်သွားလျက် ပုန်းရှောင်ခဲ့တယ်။ ဒါဝိဒ်ရဲ့ သားတော်တစ်ဦးက မိမိခမည်းတော်ရဲ့ ရာဇပလ္လင်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့တယ်။ ဒါဝိဒ်က စစ်မှုစစ်ရေး၌ လေ့ကျက်သောသူဖြစ်ပြီး စစ်ပွဲအမျိုးမျိုးတွင် တိုက်ခိုက်ခဲ့တယ်။

သူက လောကဓံမုန်တန်းတွေကို အများကြီးဖြတ်သန်းရခဲ့တယ်။

မိမိအသက်တာတွင် ရန်သူအများကြီးရှိသော်လည်းပဲ ထာဝရဘုရားကို မျှော်လင့်လျက် နေပါလို့ ဒါဝိဒ်က အမိန့်ပေးသေးတယ်။ ဘုရားသခင်ရဲ့အလိုတော်ကို စိတ်ချလက်ချ ယုံကြည်လိုက်ပါ။ ဘုရားသခင်က မိတ်ဆွေကို သတိနဲ့ကြည့်ရှုပြီး ကောင်းသောအရာတို့ကို ပေးချင်တယ်လို့ ယုံကြည်လက်ခံလိုက်ပါ။

ဒါဆို၊ မိမိဘဝမှာ ကျန်းမာချမ်းသာပြီး ဆင်းရဲဒုက္ခဝေဒနာ လုံးဝမခံစားဘူးလို့ မပြောပါဘူးနော်။

ပြောချင်တာက၊ ဒုက္ခဝေဒနာ ရရှိခံစားစဉ်တွင် မိမိအမြင်ကို ပြောင်းလဲတတ်တယ်။

မိတ်ဆွေက ဘယ်လိုပဲဖြတ်သန်းနေပါစေ၊ အခြေအနေကို ထိန်းသိမ်းစေဖို့ မကြိုးစားခင်မှာ ဘုရားသခင်ထံ သွားပါ။ ဒီအခက်အခဲအားဖြင့် မိတ်ဆွေကို ဘာသင်းချင်ပါသလဲလို့ မေးမြန်းပါ။ ဘုရားသခင်က မိမိအနာဂတ်ခရီးအဖို့ လမ်းပြခြင်းနှင့် ဉာဏ်ပညာကို ပေးစေရန် ဆုတောင်းပါ။

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သောအစီအစဉ်များ