YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါနမူနာ

Wait

10 ၏ နေ့ 8

မိမိဘဝမှာ ပိုမိုအဆင့်မြင့်လာဖို့ စိတ်ဆန္ဒရှိခဲ့ဖူးပါသလား။

ကျောင်းကို လုံးဝမထက်ချင်ဘဲ ဘွဲ့ပဲ ယူချင်ပြီး ဆက်လက်ကြိုးစားလို့ မရသလိုပဲ နေနေပါသလား။ အမှန်က မိမိစိတ်သဘောကို သိပ်မလှတော့ဘူး။

ဒါမှမဟုတ်ရင်၊ အပြစ်ဒုစရိုက်ကို ထပ်သလဲလဲ ကျူးလွန်မိနေပါသလား။ မိမိယုံကြည်ခြင်းကို ပိုမိုခိုင်မာစေချင်ပေမဲ့ ဘယ်လောက်ပဲ ဆုတောင်းဆုတောင်း မိမိအကျင့်ကို သိပ်မပြောင်းလဲနိုင်ဘူး။ ဘုရားသခင်အပေါ် စိတ်မရှိဘဲ ကိုယ်တော်က ကျွန်တော်ကို တကယ်သတိနဲ့ကြည့်ရှုနေပါသလားလို့ သံသယစိတ် ဝင်ကောင်းဝင်နိုင်ပါတယ်။

ဒီလိုခံစားရစေနိုင်တဲ့ အခြေအနေပေါင်း တစ်သန်းကျော် ရှိပါတယ်။

အနာဂတ်ကို စောင့်မျှော်လျက် စိတ်ပျော်ရွှင်ဖွယ်ရာတွေ ရှိသလို စိတ်မကျေမနပ်ဘဲလျက် ပူပန်းဖွယ်ရာတွေလည်း ရှိပါတယ်။ ပြီးတော့၊ မိမိလက်ရှိအခြေနေအားဖြင့် ပိုမိုစိတ်တိုလာစေတတ်တယ်။

ဓမ္မဟောင်းကျမ်းရှိ အာဗြံနဲ့ စာရဲတို့က အသက်ကြီးလာပြီး ကလေးယူလိုကြတယ်။ ကလေးရစေဖို့ စောင့်ခဲ့ပေမဲ့ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုမိုအိုလာကြတာပဲ။ ဒါကြောင့်၊ သူတို့က ကလေးလေကို ရစေဖို့ ကိုယ့်ဘာသာကို ကြိုးစားကြတယ်။

စာရဲက မိမိကျွန်ဟာဂရကို အာဗြံနှင့် အတူနေစေဖို့ ပေးခဲ့တယ်။ ဟာဂရက ပဋိသန္ဓေယူ၍ ဣရှမေလ အမည်ရှိတဲ့ သားကို ဖွားမြင်တယ်။ ဒါပေမဲ့၊ ဒီကလေးမွေးဖွားခြင်းဖြင့် သူများကို စိတ်နာစေပြီး ဝမ်းနည်းခြင်းအမျိုးမျိုးနှင့် အခြားဆိုးကျိုးတွေကို ပြုစုခဲ့တယ်။ သူတို့ရဲ့ ဇာတ်တော်ကို ဖတ်ရှုရင် အကုန်သိမှာပါ။

အဓိက၊ အာဗြံနဲ့ စာရဲတို့က အရမ်းစိတ်မြန်ပြီး ဘုရားရဲ့အလိုတော်ကို ပြည့်စုံစေဖို့ မစောင့်နိုင်ကြဘူး။

ဘုရားသခင်က သူတို့အတွက် ကောင်းတဲ့အရာများကို ကြံစည်ခဲ့တယ်။ အချိန်တန်မှာ ဘုရားသခင်က သူတို့အတွက် ကလေးတစ်ယောက်ကို ပေးခဲ့တယ်။ ပြဿနာက၊ အာဗြံနှင့် စာရဲတို့က သူတို့ရဲ့အခြေအနေကို ထောက်လျက်၊ စိတ်မရှည်ဘဲ ဘုရားသခင်အဖို့ မစောင့်နိုင်ဘူး။

ဘုရားသခင်အတွက် စိတ်ရှည်စွာ စောင့်လိုက်ပါ။ အနာဂတ်ကို အာရုံစိုက်တဲ့အခါ ဒီနေ့ကိုလည်း အာရုံစိုက်ဖို့ မမေ့ပါစေနဲ့နော်။

နေ့ 7နေ့ 9

ဤအစီအစဉ်အကြောင်း

Wait

ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LCBC အသင်းတော်ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.lcbcchurch.com/students သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

စပ်ဆိုင်သောအစီအစဉ်များ