YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 9

လက်ဝါးကားတိုင်တော်ကို ပြန်စဥ်းစားကြည့်တယ့်အခါ ယေရှုက ကျွန်တော်တို့အပြစ်များကို ခွင့်လွှတ်ရန် အသေခံခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်တို့သိကြပါတယ်။ ကျွန်တော်တို့ မှားယွင်းစွာ ရွေးချယ်မှုတိုင်းအတွက် ယေရှု အသေခံခဲ့သည်ကို သံသယအရိပ်အယောင်မှ ကျော်လွန်၍ သိရှိတာဖြစ်တယ်။ကျွန်တော်တို့အပြစ်များ ခွင့်လွှတ်ခြင်းရရန်နှင့် ဘုရားသခင်နဲ့ ထာဝရအတူရှိရန် လက်ဝါးကားတိုင်ကို ကျွန်တော်တို့ နှိမ့်ချစွာလက်ခံတတ်ရန် လိုအပ်သည်။

လက်ဝါးကားတိုင်‌တော် ပြုလုပ်ခဲ့တယ့်အမှုဟာ လုံ‌လောက်ပါတယ်။ လုံလောက်တာထက် ပိုလျှံပါတယ်။ ထာဝရခွင့်လွှတ်ခြင်းအခွင့်ဟာ လူ့သမိုင်းတလျှောက်မှာ အကြီးမားဆုံးသော ဆုကျေးဇူးဖြစ်တယ်။ သို့သော်လည်း ကားတိုင်တော်ဟာ အဲ့ထက်ပိုပါတယ်။ ယေရှု ကားတိုင်တော်ကိုရွေးချယ်ခြင်းဟာ သင် ဝမ်းနည်းခြင်းနဲ့စိတ်ဓာတ်ကျခြင်းတို့မှ လွတ်မြောက်စေရန်အတွက်ဖြစ်တယ်။ ‌ကမ္ဘာမြေကြီးဖြစ်သော စစ်ပွဲဇုန်အလယ်တွင် နေထိုင်စဉ် ဘုရား၏ဝမ်းမြောက်ခြင်းကို သင်တွေ့ကြုံခံစားနိုင်စေရန်အတွက် ယေရှုက သင့်အတွက် အသေခံတော်မူခဲ့တာဖြစ်တယ်။

ယေရှုကားတိုင်မှာ အသေခံခဲ့တာက သင့်ကယ်တင်ခြင်းအတွက်ဘဲမဟုတ်ပါ။ သင်ဝမ်းမြောက်ခြင်း ရှိဖို့ရန်အတွက်ဖြစ်တယ်။ သင့်နေရာမှာကျွန်တော်သာဆိုရင် ဝမ်းမြောက်ခြင်းထက် တန်ဖိုးနည်းသောအရာတွေအတွက် မလဲလှယ်ချင်ဘူး။ သင်ကိုယ်သင် အကြွေးတင်တယ်။ သင့်မိသားစု၊ သင့်အိမ်နီးနားချင်း၊ သင့်အသင်းတော်၊ သခင်ယေရှု ပေါ်မှာလဲ အကြွေးတင်ပြီး ယေရှုအသေခံခဲ့ခြင်းဟာ သင်ဝမ်းမြောက်စွာ လျှောက်လှမ်းနိုင်ဖို့ဖြစ်တယ်။

ကျမ်းစာများ

နေ့ 8နေ့ 10

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။