အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
![A Jolt of Joy](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F228%2F1280x720.jpg&w=3840&q=75)
ဝမ်းမြောက်ခြင်းဆိုသည်မှာ အဘယ်နည်း။ ရိုးရှင်းလေးနက်ပြီး အံ့သြဖွယ်ရာကောင်းတယ့် ဝမ်းမြောက်ခြင်းစာသားကို စာလုံးတစ်လုံးထဲနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရနိုင်ပါသလား။ ဒါမှမဟုတ်ခရစ်ယာန်တစ်ဦး၏အသက်တာတွင် ခြားနားမှုအားလုံးကိုဖြစ်စေသော ဤတန်ခိုးကြီးသောစကားလုံးအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် အဆုံးမရှိသောအဓိပ္ပါယ်များစွာရှိပါတယ်။
ဝမ်းမြောက်ခြင်းက အရာအားလုံးကိုနားလည်နိုင်စွမ်းပေးတယ့် ငြိမ်သက်ခြင်းဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် သင့်အတွက် လှိုက်လှိုက်လှဲလှဲ အားပေးနေသည့် သက်သေများဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် သင့်အပေါ် ဘုရားထားရှိသောချစ်ခြင်းမေတ္တာကို မည်သည့်အရာကမျှ မခွဲထုတ်နိုင်သောအသိပညာဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် ရေပေါ်မှာ လမ်းလျှောက်ခြင်းဖြစ်သည်။ ရှင်ပေတရုကို မေးကြည့်ပါ။
ဝမ်းမြောက်ခြင်းသည် ရေကိုစပျစ်ရည်အဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး ကလေးငယ်တယောက်၏ နေ့လယ်စာဖြင့် လူထောင်ပေါင်းများစွာကို ကျွေးခြင်းဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် ကြယ်တွေစုံတယ့်ညမှာ ဗက်လင်မြို့၏တောင်ကုန်းများမှ ကောင်းကင်တမန်များကို တွေ့ရှိခြင်းဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် မုန်ညင်းစေ့ အရွယ်မျှသာ ဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် အရွယ်မျိုးစုံကလေးသူငယ်တွေက သူ၏ဒူးပေါ်တွင်ထိုင်ပြီး ကြည်ညိုလေးစားစွာ "ဆရာ" လို့ခေါ်နေခြင်းဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် ရေထဲကို ဝက်တွေပြေးဆင်းခုန်ချပြီး ရေနစ်သွားတာဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် အပျိုစင်တဦးက " အရှင်ပြောသည့်အတိုင်းဖြစ်ပါစေ"လို့ ကောင်းကင်တမန်အား ပြောခြင်းဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် အသက်၉၀မှာပင် ကလေးလေးဖြစ်နေသေးသည်။
ဝမ်းမြောက်ခြင်းသည် သဲကန္တာရမှာ စမ်းရေဖြစ်ပြီး လွင်ပြင်ခေါင်မှာ လျှောက်လမ်းဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်ဘဝအတွက် အံ့သြဖွယ်ရာ ရေငတ်မပြေနိုင်သော ကိုယ်တော့်ရဲ့ မျက်မှောက်တော်ဖြစ်သည်။

ဤအစီအစဉ်အကြောင်း
![A Jolt of Joy](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F228%2F1280x720.jpg&w=3840&q=75)
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။