YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 14

ယောရှဖတ်က သူ၏မျိုးဆက်ထဲမှ လူကောင်းတယောက်ဖြစ်တယ်။ သူ၏နိုင်ငံတော်ကို တည်ထောင်တယ့်အပိုင်းနဲ့ တရားမျှတမှုပိုင်းမှာ ယောရှဖတ်က လုပ်ဆောင်ရည်စွမ်းမြင့်မားတယ့်သူဖြစ်တယ်။ ဘုရားရဲ့လူ ‌ယောရှဖတ်က ဘုရားသခင်ကိုချစ်ကြောက်ရိုသေရန်နှင့် စိတ်နှလုံးအကြွင်းမယ့် အစေခံရန် သူ၏နိုင်ငံသားတိုင်းကို တိုက်တွန်းနှိုးဆော်ခဲ့တယ်။ သူ့လိုမျိုးလုပ်ရည်ကိုင်ရည်ကောင်းတယ့်သူ ယနေ့ခေတ်မှာ ရှိရင်ကောင်းမှာဘဲနော်...

ယောရှဖတ်က မှန်ကန်တယ့်အရာကို လုပ်နေတာဖြစ်ပြီး သမာဓိရှိရှိ အသက်ရှင်နေထိုင်ခဲ့တာဖြစ်တယ်။ သူ၏နိုင်ငံကို ကျူးကျော်လာတယ့် ရန်သူတွေကြောင့် သူမျက်စိကွယ်ခဲ့ရပြီး သာယာငြိမ်းချမ်းတယ့် သူ၏နိုင်ငံတော်မှာ စစ်ပွဲကြီးဖြစ်ပွားခဲ့တယ်။ ဘယ်လောက်တောင် ရန်သူတွေက ရက်စက်ကြမ်းကြုတ်လဲ။

ထိုနည်း၎င်ဘဲး သင်၏ရန်သူများလဲ ရက်စက်ကြမ်းကြုတ်မှာဘဲ။ အလွန်ကြောက်ရွံဖွယ်ကောင်းတယ့် ရန်သူတွေကို ကျွန်တော်တို့ ရင်ဆိုင်နိုင်တယ့်အတွက်ကြောင့် အသက်ငယ်ရွယ်တယ့် ဘုရင်ကြီးယောရှဖတ်ဆီမှ သင်ယူနိုင်ပါတယ်။ ဘုရားသခင်၏ မျက်မှောက်တော်ကို ယောရှဖတ် ရှာဖွေခဲ့တယ်။ စိုးရိမ်နေပြီး ဘုရားကိုအပြစ်တင်နေတာနဲ့ဘဲ သူရဲ့အချိန်တွေကို မဖြုန်းခဲ့ဘူး။ ဘယ်လောက်ဘဲ ယုဒနယ်စပ်ကို ရန်သူတွေဦးတည်နေပါစေ ဘုရားသခင်အပေါ် ဘယ်တော့မှ မျက်ခြေမပျက်အောင် ယောရှဖတ်က သူ့ရဲ့စိတ်ကို ခိုင်ခိုင်မာမာဆုံးဖြတ်ထားခဲ့တယ်။

ဝမ်းမြောက်ခြင်းစစ်ပွဲကို သင်အနိုင်ရချင်တ်ဆိုရင် ဘုရားသခင်ပေါ်မှာ သင်အာရုံစိုက်ရမှာဖြစ်တယ်။ သင်စိုးရိမ်ကြောက်ရွံနေတာနဲ့ဘဲ အချိန်ကုန်ဆုံးနေမှာ မဟုတ်ဘူး။ သင့်ပတ်ဝန်းကျင်ဖြစ်ချင်ရာဖြစ်နေပါစေ ဘုရားက သင့်ရဲ့ နှလုံးသားနဲ့ စိတ်အာရုံကို အပြည့်အဝရမယ်လို့ သင့်စိတ်ထဲမှာ ခိုင်မာယုံကြည်နေရမှာဖြစ်တယ်။

ကျွန်တောတို့ တိုက်ပွဲကို ရောက်နေတယ်။ ကင်ဆာ၊ ငွေရေးကြေးရေးပြဿနာ၊ ‌ယောက္ခမနဲ့ တင်းမာမှုတွေ၊ သားသမီးတွေရဲ့ ပုန်ကန်နေမှုတွေ စသည့်တိုက်ပွဲများကို ပြောနေတာဖြစ်တယ်။ သင်တိုက်ပွဲဝင်နေရပြီဆိုရင် ထာဝရဘုရားသခင် အကြောင်းပြောပါ။ ကျမ်းစာတစ်ပိုဒ်ဖတ်ပြီး ဖတ်သည့်အတိုင်း မားမားရပ်တည်ပါ။
နေ့ 13နေ့ 15

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။