YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 19

ဒါဝဒ်မင်းကြီးဟာ ထာဝရဘုရားအား ကောင်းချီးထောမနာပြုရန် သူ၏ စိတ်ဝိညာဥ်ကို ပြောပြဖို့ အရေးကြီးကြောင်း သိခဲ့သည်။ သင့်ဝိညာဥ်သည် သင်၏စိတ်ခံစားချက်များ၊ လိုချင်တပ်မက်မှုများ ပေါက်ဖွားရာ နေရာဖြစ်တယ်။ ကံမကောင်းစွာနဲ့ဘဲ သင့်ဝိညာဥ်က ဘုရားသခင် အား ကောင်းချီးမပေးသလို သင်အမြဲခံစားမိမှာပါ။ ဘဝရဲ့ အချိန်ကာလတစ်ခုမှာ သင့်ဝိညာဥ်က အော်ဟစ်မြည်ကြွေးနေတာ သင်ခံစားရမှာဖြစ်ပြီး အလိုဆန္ဒတွေကို ကြားသိလာအောင်လုပ်လာလိမ့်မယ်။ အဲ့အချိန်ရောက်ရင် သင့်ဝိညာဥ်ကို အင်မတန် ထိန်းရခက်တယ့် နှစ်နှစ်သား ကလေးလေးကို ထိန်းကျောင်းသလို သင့်ဝိညာဥ်ကိုထိန်းရလိမ့်မယ်။ ဒါဝိဒ်မင်းကြီးကဲ့သို့ သင်ကိုယ်တိုင် သင့်ဝိညာဥ်ကို ထာဝရဘုရားကို ကောင်းချီးပေးရန် မိန့်ကြားရမှာဖြစ်တယ်။

ဘဝရဲ့ ဆုံးဖြတ်ချက်တွေချတယ့် သင့်အတွင်းစိတ်ထဲမှာ သင့်ဝိညာဥ်ပါဝင်သင့်တယ်။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ ၂၁ရာစုအတွင်းမှာ၊ စိတ်ပိုင်းဆိုင်ရာ‌ပြောင်းလဲမှုများတယ့် ဤလောကကြီးမှာ မိမိစိတ်ခံစားမှုကိုဘဲ အလေးထားပြီး မိမိစိတ်ဝိညာဥ်ကို အလေးမထားဖြစ်လာကြတယ်။ သင့်စိတ်ခံစားမှုကိုဘဲ ဦးစားပေးလိုက်ပါက အမြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ဘယ်တော့မှလျှောက်လှမ်းနိုင်ကြမှာ မဟုတ်ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်အခြေအနေတွေက ကျွန်တော်တို့ စိတ်ခံစားမှုတွေကို တွန်းပို့နေတာဖြစ်ပြီး ကျွန်တော်တို့ စိတ်ဝိညာဥ်ကိုတော့ ဘုရားသခင်ရဲ့ နှုတ်ကပတော်နှင့်သန့်ရှင်းသော ဝိညာဥ်တော်က ဦးဆောင်တွန်းပို့နေတာဖြစ်တယ်။ မိမိစိတ်ခံစားချက် ဘယ်လောက်ဘဲ ကျယ်လောင်နေပါစေ မိမိစိတ်ဝိညာဥ်ကိုတေ့ မလွှမ်းမိုးပါစေနဲ့။

သင့်စိတ်ခံစားချက်က အခုလိုမျိုးစိတ်ညစ်စရာတွေပြောနေမှာပါ

"သီချင်းကဆူညံနေတာဘဲ။ ဒီမှာထိုင်ပြီးတော့ အဲ့တာဘဲဝေဖန်နေမယ်။"

"ပင်ပန်းလွန်းလို့ ဝတ်ပြုကိုးကွယ်နေချိန်မှာတောင် လက်မမြောက်နိုင်တော့ဘူး"

" ကျွန်တော့မှာ ပိုက်ဆံမရှိတော့လို့ ဒီအပတ် အလှူငွေမထည့်နိုင်ဘူး"

" ပင်ပန်းလွန်းလို့ ကျမ်းစာမလေ့လာနိုင်ဘူး။ ခေါင်းကိုက်နေလို့။ အကျိတ်ဖြစ်မယ်ထင်တယ်။"

ဒါပေမယ့် မိမိစိတ်ဝိညာဥ်က စကားစပြောပြီဆိုရင် ဘုရားစကားပြောနေသလိုဖြစ်နေမှာ။

" ကျွန်တော်က ရက်‌ရောစွာ ပေးကမ်းတတ်သူပါ။"

"ကျွန်တော်မစိုးရိမ်တော့ပါ..ဘုရားတတ်စွမ်းနိုင်တယ်လို့ ကျွန်တော်ယုံတယ်"

"ဒီအသင်းတော်က စိတ်နှလုံးသားမှန်ကန်စွာ ဝတ်ပြုကိုးကွယ်လို့ ကျွန်တော်ကျေးဇူးတော်ချီးမွမ်းတယ်။"

စိတ်လျှော့လိုက်ပြီး သင့်စိတ်ခံစားချက်တွေဘဝကိုတုံ့ပြန်တယ့်အခါမှာ ထိန်းချုပ်မှုရှိစေရန် ဝိညာဥ်တော်ကို နေရာပေးပါ။

ကျမ်းစာများ

နေ့ 18နေ့ 20

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။