YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 24

ကျွန်တော်တက္ကသိုလ်တက်နေချိန်အတွင်း တစ်ရက်မှာ ကျွန်တော်တက်ခဲ့တယ့် ခရစ်ယာန်တက္ကသိုလ်က ကျောင်းအုပ်နဲ့ ခြိမ်းခြောက်ဖွယ်ကောင်းလှတယ့် တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်။ ကျွန်တော်နောက်ဆုံးနှစ်မှာ အထူးပြုဘာသာပြောင်းဖို့ တောင်းဆိုခဲ့တယ်။ ဒီလိုပြုလုပ်ခြင်းဟာ ကျွန်တော်အချိန်မှီဘွဲ့ရနိုင်ဖို့ စွမ်းဆောင်ရည်များအပေါ် အကျိုးသက်ရောက်မှုတွေရှိလာမယ်ဆိုတာ သူက ကျွန်တော့ကို သေချာသိစေချင်တယ်။ သူ့အတွင်းရေးမှူးက ကျွန်တော်နေတယ့် အဆောင်ဖုန်းကို ဆက်ပြီး ဘယ်နေ့၊ဘယ်ချိန်လာရမလဲဆိုတာ အကြောင်းကြားခဲ့တယ်။

စာသင်ဆောင်ရဲ့ ၆လွှာကိုတက်နေစဥ် ကျွန်တော့ပါးစပ် ခန်း‌ခြောက်လာပြီး ဗိုက်အလွန်အောင့်ကာ ဒူး‌တွေလဲတုန်ယင်နေခဲ့တယ်။ ငါဘာတွေစဥ်းစားနေပါလိမ့်။
ကျောင်းအုပ်ကြီးက သူ့ရုံးခန်းထဲကို ခေါ်ရလောက်အောင် ဘာလို့မိုက်ရူးရဲဆန်တယ့် ဆုံးဖြတ်ချက်ကို လုပ်ခဲ့ရတာလဲ။

အလွန်လေးစားရတယ့် ဒီလူရဲ့ အလုပ်လုပ်နေသော၊လူသူမသိသော အဆောက်အအုံကြီးထဲမှာ ထိုင်စောင့်နေစဥ် သူ့အတွင်းရေးမှူးက ဂုဏ်သိက္ခာရှိသော သူ့ရုံးခန်းကို ပြသခဲ့တယ်။ ဆရာကြီးမကြာခင်‌ရောက်လာတော့မှာဖြစ်ပြီး ခဏထိုင်စောင့်ပေးရန် အတွင်းရေးမှူးက မှာကြားခဲ့တယ်။

အဲ့နေ့မှာ သူ့ရုံးခန်းကိုလျှောက်ကြည့်နေစဥ် ‌အဲ့ခေတ်က နာမည်ကြီးကျောင်းတွေရဲ့ ပညာရေးလက်မှတ်တွေ၊ ဒီပလိုမာ‌တွေကို မြင်ခဲ့တယ်။ ကျွန်တော့ဦးလေး၊အဒေါ်၊မိသားစုတခုလုံး တခါမှရဖို့မတွေးဖူးတယ့် ဘွဲ့လက်မှတ်များကို သူ့ဘဝတလျှောက်မှာ များစွာရရှိခဲ့တယ်။

မှန်ဘောင်ထဲမှာထည့်ထားတယ့် ဘွဲ့လက်မှတ်‌တွေ ဒီပလိုမာတွေက ကျွန်တော့အာရုံကိုမဖမ်းစားနိုင်ခဲ့ဘူး။ ကျောင်းအုပ်ကြီးက ပညာရှင်တွေနဲ့ လက်တွဲနှုတ်နေတယ့် ပုံလဲမဟုတ်ပါ။ ကျွန်တော့နှလုံးသားကို နက်ရှိုင်းစွာတုန်လှုပ်စေခဲ့တယ့် ပုံကတော့ ခေါင်းငုံ့ရင်း နားနှစ်ဖက်‌ရောက်အောင် ပြုံးရယ်နေသော ယေရှုရဲ့ပုံဖြစ်တယ်။ " သင့်ဘုရားရှင်က သင့်ကိုဝမ်းမြောက်စေပြီ" ဆိုတယ့်ကျမ်းချက် ဒီပုံအောက်မှာရှိတယ်။

ဝမ်းမြောက်ခြင်းက ဘုရားသခင်ရဲ့ ကြီးမြတ်လှသော ဂုဏ်တော်ဖြစ်တယ်ဆိုတာ သင်သတိထားမိပါသလား။ ဝမ်းမြောက်ခြင်းက ဘုရားသခင်ရဲ့မရှိမဖြစ် လက္ခဏာအစိတ်အပိုင်းတခုဖြစ်တယ်။ ဘုရားလုပ်ဆောင်သမျှတွင် စစ်မှန်ထူးခြားသော စိတ်အားထက်သန်မှုရှိပြီး လေးနက်တယ့် စိတ်ကြည်နူးခြင်းရှိတယ်။

ဘယ်အရာက ဘုရားသခင်ကို ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်စေသလဲ။ အဖြေက သင့်ကိုနှိမ့်ချစေလိမ့်မယ်။ စကြာဝဠာဖန်ဆင်းရှင်က သင့်ကြောင့် ဝမ်းမြောက်ခြင်းနဲ့ ပြည့်လျှံနေတာဖြစ်တယ်။ သတို့သားက သတို့သမီးအပေါ်မှာ ဝမ်းမြောက်ခြင်းရှိသကဲ့သို့ ဘုရားက သင့်အပေါ်မှာ ဝမ်းမြောက်ခြင်းရှိတာဖြစ်တယ်။

ဘုရားသခင်က သင်နဲ့ပေါင်းသင်းဆက်ဆံရေးရှိသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သင့်အပေါ် သီချင်းဆိုနေတာကို ‌တွေ့ရတယ်။

ကျမ်းစာများ

နေ့ 23နေ့ 25

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။