YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 27

နေ့တိုင်းကျမ်းစာဖတ်ဆုတောင်းဖို့ ရိုးရှင်းတယ့်ဆုံးဖြတ်ချက်က ဝမ်းမြောက်ခြင်းရှိဖို့အတွက် ဗျူဟာအကျဆုံး‌ရွေးချယ်မှုဖြစ်တယ်လို့ သင်သတိထားမိပါသလား။ လူသားတွေရဲ့ စိတ်ပိုင်း‌ဆိုင်ရာအားနည်းခြင်း အဖြေတွေထက် သမ္မာကျမ်းစာက အဆုံးအစမရှိ တန်ခိုးရှိပါတယ်။

ကျမ်းစာအုပ်ဟာ ရိုးရိုးစာအုပ်အပါးလေးမဟုတ်ပါ။ ကောင်းကင်နိုင်ငံတော်ရဲ့ တန်ခိုးအစွမ်းအစ အရင်းအမြစ်ဖြစ်တယ်။ လူတော်‌တော်များများ ကျမ်းစာကိုနားမလည်ဘူးလို့ ကျွန်တော့်ကို လာပြောတယ်။ ရတယ် ဘာမှမဖြစ်ဘူးလို့ ပြန်ဖြေတယ်။ ကျမ်းစာကို ဆက်ဖတ်နေပါ။ နှုတ်ကပတ်တော်ကို ဗဟုသုတရဖို့အတွက် ဖတ်တာမဟုတ်ပါ ပြောင်းလဲခြင်းရရှိဖို့အတွက် ဖတ်တာဖြစ်တယ်။ သင့်ဦးနှောက်နားမလည်ရင်တောင်မှ သင့်ဝိညာဥ်က စုပ်ယူမှာဖြစ်တယ်လို့ ကျွန်တော်အာမခံရဲတယ်။

သင့်မှာရန်သူရှိတာသေချာတယ့်အတွက်ကြောင့် ခရစ်ယာန်တွေကျမ်းစာဖတ်ခြင်းအားဖြင့် ရရှိလာမယ့် တန်ခိုးအစွမ်းအစများကို သူသေချာနားလည်ပြီး သင့်ကို ကျမ်းစာမဖတ်အောင် မရမက လိုက်လံဖျားယောင်းသွေးဆောင်မှာဖြစ်တယ်။

စည်းကမ်းဆိုတာ အမြဲအာရုံစူးစိုက်မှုရှိရပြီး ဘယ်တော့မှမလွယ်ကူပါ။ သင်မနေ့ သို့မဟုတ် ယနေ့ကျမ်းစာမဖတ်နိုင်တယ့် အကြောင်းပြချက်တွေမပေးဘဲ ယခုအချိန်မှာဖတ်လိုက်ပါ။ နေ့ရက်တိုင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ဖို့ ခိုင်မာစွာဆုံးဖြတ်ချက်ချပါက ‌သင့်ပတ်ဝန်းကျင်ကို ဝေငှနိုင်ဖို့အတွက် ဝမ်းမြောက်ခြင်းတွေ လျှံပယ်နေမှာဖြစ်တယ်။

ယနေ့ သင့်အတွက် ကျွန်တော့်ရဲ့ ဆုတောင်းချက်ကတော့ "နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။"ဟူ၍ ပရောဖက်ယေရမိနဲ့အတူ လိုက်လံကြွေးကြော်ရန်ဖြစ်တယ်။

ကျမ်းစာများ

နေ့ 26နေ့ 28

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။