အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ဤကျမ်းပိုဒ်ရှိ ပေါလုစကားများက ၂၁ ရာစုတွင်နေထိုင်ပြီး သခင်ဘုရားနှစ်သက်သောအသက်တာကို အသက်ရှင်လိုသောသူများထံ ခေတ်အဆက်ဆက် တဟုန်ထိုးရောက်ရှိလာပါတယ်။ ပေါလုစကားတွေက ကျွန်တော်တို့ယဥ်ကျေးမှုကိုထိုးဖောက်နိုင်စွမ်းရှိပြီး သတင်းစာ၊ မဂ္ဂဇင်း၊ တီဗီတွေရဲ့ ဦးနှောက်ကျင်းခြင်းခံရမှုများကို ချေမှုန်းရန်နှင့် ကျွန်တော်တို့အသက်တာကို ရည်ရွယ်ချက်ရှိရှိဘယ်လိုအသက်ရှင်သင့်ကြောင်း ပြောကြားထားဖြစ်တယ်။ သင့်ဘဝရည်ရွယ်ချက်က စွမ်းဆောင်ရည်များဖြင့်နေထိုင်ခြင်းဖြစ်ပါက ယနေ့တိုင်ထိ လက်တွေ့ကျသော လွန်ခဲ့တယ့် နှစ်၂၀၀၀မှ ရှေးကျသောဤသွန်သင်ချက်တွေကို သင်လိုက်နာ နားထောင်ရမှာဖြစ်တယ်။
ခရစ်ယာန်အသက်တာရဲ့ ထင်ရှားသောအချက်ကို"သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။" ဟူသောကျမ်းပိုဒ်ရဲ့ အစမှာ ဖော်ပြထားတယ်။ ရှင်ပေါလုက စစ်သားတစ်ယောက်ကို မှာကြားချင်တယ့် အရေးကြီးဆုံးအကြံဉာဏ်ကတော့ ဘုရားသခင်၌ခိုင်ခံ့ခြင်းရှိဖို့ဖြစ်တယ်လို့ ကြွေးကြော်ခဲ့တယ်။
ဘဝလေလှိုင်းတွေ၊ အခြေအနေတွေရဲ့ ဟိန်းဟောက်သံများကြောင့် မယိမ်းယိုင်သွားဘဲ ခိုင်ခံ့သော ခရစ်ယာန်ဖြစ်စေခြင်းက သင့်ဘဝအတွက် ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။ ဘုရားသခင်ရဲ့ တန်ခိုးအစွမ်းစများ သင့်အထဲမှာ ကိန်းဝပ်ဖို့ ဖြစ်နိုင်အောင် ဘုရားသခင်ပြုလုပ်ထားပြီးပြီဖြစ်တယ်။
အနီးကပ်သင်ကြားပေးတယ့်ဆရာကို သင်ငှားပါက သင့်ခန္ဒာကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းများကို စီစဥ်ပေးနိုင်မှာဖြစ်ပြီး သင်လုပ်ရမယ့်အရာတွေကို သူပြောပြမှာဖြစ်တယ်။ သူတို့မလုပ်နိုင်တယ့်အရာကတော့ သူတို့ ခွန်အားဗလ အစွမ်းအစများကို သင့်ဆီကို ဘယ်လိုမှမလွှဲပြောင်းပေးနိုင်ပါ။ ဘုရားတပါးသာလျှင် ထိုကဲ့သို့လုပ်နိုင်တယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။