အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ဝမ်းမြောက်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း ကြားမှာရှိတယ့် ဆက်ဆံရေးကို နားလည်နိုင်ရန် အရေးကြီးကြောင်း နေ့တိုင်း စိတ်ဓာတ်ကျခြင်းနဲ့ ရုန်းကန်နေရသူတွေ၊ စိတ်ပျက်ဝမ်းနည်းခြင်းနဲ့ အသက်ရှင်နေသူတွေကို ပြောပြချင်ပါတယ်။ အကယ်၍ သင်ဟာ ကျေးဇူးတော်ချီးမွမ်းတတ်သောသူဆိုရင် ဝမ်းမြောက်ခြင်းဟာ သင်နဲ့ အဝေးကြီးမှာ မရှိနိင်ပါဘူး။ အကယ်၍ သင်ဟာ ပျော်ရွှင်ဝမ်းမြောက်တတ်သောသူဆိုရင် သင်ရရှိတယ့် ဆုကျေးဇူးတွေကို နေ့တိုင်း အသံကျယ်ကျယ် ချီးမွမ်းနေမယ်ဆိုတာ ကျွန်တော် အာမခံရဲတယ်။
ဘုရားရဲ့မျက်မှောက်တော်တံခါးကို သူ့လူတွေဆီ ဖွင့်ပေးနိုင်တယ့် လျှို့ဝှက်ချက်ကတော့ ကျေးဇူးတော်ချီးမွမ်းတတ်ခြင်းဖြစ်ပါတယ်။ သင်ရှာဖွေတွေ့ရှိမယ့်အရာကို သင်သိလာလိမ့်မယ်။ အဲ့အရာက ဝမ်းမြောက်ခြင်းဖြစ်တယ်။
သင့်ဘဝမှာ ဝမ်းနည်းခြင်းတွေ၊ စိတ်ပျက်ခြင်းတွေနဲ့ ရုန်းကန်နေရရင် သင်ကျေးဇူးတင်လိုတယ့် အရာတွေကို ဒီနေ့ဘဲ ချရေးလိုက်ပါ။ ၅ချက်၊ ၁၀ ချက်လောက်နဲ့ မရပ်လိုက်ပါနဲ့။ သင်ကျေးဇူးတော် ပိုလျှံစွာချီးမွမ်းပါ။ သင်ကျေးဇူးတင်တယ့် အချက် ၂၀၊ ၅၀၊ ၁၀၀လောက် စာရင်းပြုစုပြီး ချရေးလိုက်ပါ။
ခရစ်ယာန် တစ်ယောက်အနေနဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းကို တစ်နှစ်မှာတစ်နေ့ သို့မဟုတ် အချိန်အခါတစ်ခုလောက်ဘဲ မသတ်မှတ်ထားသင့်ကြောင်း ကျွန်တော်ယုံတယ်။ ကျေးဇူးတော်ချီးမွမ်းခြင်းဟာ နေထိုင်မှုပုံစံတစ်ခုဖြစ်သင့်တယ်။ ကျေးဇူးတော်ချီးမွမ်းတတ်သော နှလုံးသားက ဝမ်းမြောက်ခြင်း မျိုးစေ့ ကြွယ်ဝစွာရှင်သန်ကြီးထွားစေတယ့် မြေဆီလွှာကောင်းသော နေရာဖြစ်ပါတယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။