YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 28

ကူးစက်လွယ်သော ဝမ်းမြောက်ခြင်းအသက်တာဖြင့် အသက်ရှင်ရန်လိုအပ်သော အရာအားလုံးကို သင့်ကိုပေးထားပြီးပြီဆိုတာ သင်သိပါသလား။ ဖခင်မည်းတော်မှ သင်ဘုရားတရားကိုင်းရှိုင်းပြီးအသက်ရှင်ရန် လိုအပ်သောအရာအားလုံးကို သားတော်ယေရှုအားဖြင့် ပေးခဲ့ပြီးပြီ။ ဝမ်းမြောက်ခြင်းက ‌‌တက်ကြွပျော်ရွှင်ဖွယ်ကောင်းပြီး ဘုရားသခင်ရဲ့ အရည်အသွေးပြည့်ဝသော ဝိသေသလက္ခဏာဖြစ်တယ်။

ယေရှုခရစ်တော်ကို သင်လက်ခံရရှိပါက စိတ်ပျက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ စိတ်မရှည်ခြင်း၊ အတိတ်ကအမှားများကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တာမှန်သမျှ သင့်မှာရှိနေမှာဖြစ်တယ်။ သမိုင်းတလျှောက် ဘုရားက အ‌ရက်ရောဆုံးဖြစ်ပြီး ကျွန်တော်တို့အားလုံး ဝမ်းမြောက်ခြင်းနဲ့ပြည့်ဝစွာ အသက်ရှင်နေထိုင်ဖို့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပြီးပြီဖြစ်တယ်။

ကျွန်ုပ်တို့အားလုံး ဘုရားသခင်ရဲ့ ကြီးမြတ်‌သော သဘာဝထဲတွင် ပါဝင်ပတ်သက်ရန် အဖိုးတန်သောကတိတော်ဖြစ်တယ်။ ကျွန်တော်တို့ဟာ အတုတွေမဟုတ်ပါ။ ယေရှု လောကမှာရှိနေချိန်တုန်းက ကြည့်ခြင်း၊အလုပ်လုပ်ခြင်း၊ စကားပြောခြင်း၊ ခံစားရခြင်းတို့ကို သူလုပ်ခဲ့သလို ကျွန်တော်တို့လဲလုပ်ပါတယ်။ ဘုရားကို ကျွန်‌တော်တို့ခွင့်ပြုပေးလိုက်ပါက ဘုရားရဲ့ ကြီးမြတ်သော သဘာဝက ကျွန်တော်တို့ ဘဝ အားနည်းချက်တွေ အကုန်လုံးကို အစားထိုးနိုင်ပါတယ်။ ဝိညာဥ်တော်အတိုင်း လိုက်လျှောက်အသက်ရှင်ပါက ကျွန်တော်တို့ပင်ကိုယ်သဘာဝနှင့် မျိုးရိုးဗီဇကချမှတ်ထားသော လမ်းစဥ်အတိုင်း ဆန့်ကျင်ဘက်ကို ခြေလှမ်းနေမှာဖြစ်တယ်။

ကျမ်းပိုဒ်များကို သင့်ဘဝမှာ လက်တွေ့အသုံးချပါက သင်အကောင်းဆုံးဖြစ်လာမှာ သေချာပါတယ်။ တော်တော်ကြိုးစားမှရမှာလား။ ဟုတ်ပါတယ်။စိတ်နှလုံးအကြွင်းမဲ့‌ ဆက်ကပ်ရမှာဖြစ်တယ်။ ဘုရားကိုယ်တိုင် သင့်ကို ခွန်အားပေးမှာဖြစ်ပြီး နေ့ရက်တိုင်း သူ့ကိုနှစ်သက်လာတာနဲ့အမျှ သင့်ကိုသူ အားပေးမှာဖြစ်တယ်။
နေ့ 27နေ့ 29

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။