အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ဝမ်းမြောက်ခြင်းပြည့်လျှံတယ့် ခရစ်ယာန်ဖြစ်ရန် သင်စိတ်ပိုင်းဖြတ်မှုနဲ့ ဖြောင့်မတ်မှန်ကန်စွာ အသက်ရှင်ဖို့ အရေးကြီးသည့်အချက်ကို အထင်မသေးပါနဲ့။ စွပ်စွဲပြောဆိုခြင်း၊ တကိုယ်ကောင်းဆန်ခြင်းဖြင့် သင်အသက်ရှင်နေထိုင်ပြီး ကောင်းကင်မှ ဝမ်းမြောက်ခြင်းရရှိနေဦးမယ်လို့ သင်ထင်နေပါက ပြန်စဥ်းစားကြည့်လိုက်ပါ။
ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာထဲမှာ ဖြောင့်မတ်စွာအသက်ရှင်နေထိုင်ဖို့ အရေးကြီးသည့်အချက်နဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ သဘောထားချက်နဲ့ ပြည့်စုံနေပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ချုပ်နှောင်ထားခြင်းတို့ကို ဆိုလိုတာမဟုတ်ပါ။ ဖြောင့်မတ်ခြင်းတရားက လွတ်လပ်မှုနဲ့ ဘဝအတွက် ဘုရားရဲ့ အကောင်းဆုံးသော အကြံစည်တော်ဖြစ်တယ်။
ဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ချပြသောလမ်းများကို ဆက်ကပ်အပ်နှံခြင်းဖြင့် ရိုးရှင်းစွာ အသက်ရှင်နေထိုင်ခြင်းဖြစ်သည်။ အပေးအယူလုပ်ခြင်း၊ ဒုတိယအဆင့် ဆုံးဖြတ်ချက်များကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။ သင့် အချိန်အသုံးချနည်း သို့မဟုတ် သင် စကားပြောဆိုနည်းတွေကို ပြောင်းလဲရမှာဖြစ်တယ်။
ဒီနေ့ သင့်ဘဝမှာ ပြောင်းလဲရမယ့်အရာတွေကို ဘုရားဖော်ပြပေးဖို့ ဆုတောင်းပြီး သင့်ဘဝကိုအပ်နှံလိုက်ပါ။ သင့်ဇနီးမယားကိုစိတ်မရှည်တယ့် အတွေးဝင်လာပြီဆိုရင် အဲ့အတွေးကိုမလျှော့လိုက်နဲ့။ ဘုရားဆီက လာနိုင်တာဖြစ်ပြီး သင့်ဘဝမှာပြောင်းလဲရမယ့် အပိုင်းကို ဖော်ပြနေတာဖြစ်တယ်။
သင့်ဘဝမှာ ပြောင်းလဲရမယ့်အရာတွေကို ဖော်ပြပေးဖို့ ဘုရားထံမေးပြီးသွားတယ့် အချိန်မှာ သင်ပိုက်ဆံအများကြီး သုံးမိနေပါလားဆိုပြီး သင်တွေးမိကောင်းတွေးမိနိုင်တယ်။ ဒါမှမဟုတ် သင် ကွန်ပျူတာရှေ့မှာ အချိန်တွေကုန်ဆုံးနေပါလားလို့ တွေးမိနိုင်တယ်။ ထိုအတွေးတွေကို မပစ်လိုက်ပါနဲ့။ သင် ဝမ်းမြောက်စွာ အသက်ရှင်နေဖို့အတွက် သင်ရှင်းထုတ်ရမယ့်အရာတွေကို ဘုရားကူရှင်းပေးနေတာ ဖြစ်နိုင်တယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။