YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 31

စိုးရိမ်ပူပန်မှု နှင့် ကြောက်ရွံ့ခြင်း ဆိုသည်မှာ သင်၏‌ကောင်းကျိုးအတွက် လုပ်ပေးသော၊ သင့်ကို မည်သည့်အခြေအနေပေါ်မှ မမူတည်ဘဲ ချစ်နေသော ဘုရားသခင် အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်း ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။ စိုးရိမ်ပူပန်မှုထဲမှာ သင်ရှိနေရင် သင်၏ပြဿနာ အားလုံးကို ဘုရားသခင်မဖြေရှင်းနိုင်ဘူးလို့ သင်လွှဲမှားစွာ ယုံကြည်နေလို့ဖြစ်သည်။ သင်ဟာ ကြောက်ရွံ့မှုံ့မှုနဲ့ ပြည့်လျှံနေခြင်းသည် သင့်အပြစ်ကကြီးမားလွန်းလို့ ဘုရားသခင်တောင် ခွင့်မလွှတ်နိုင်ပါဘူးလို့ သင်မှားယွင်းစွာ ယူဆနေတာကြောင့်ဖြစ်တယ်။ ‌စိတ်ပူပင်သောကများနှင့် သင်ရင်ဆိုင်နေရခြင်းဟာ သင့်ဘဝဟာ ထိန်းချုပ်မှု မရှိတော့ကြောင်း၊ သင့်ဘဝသာယာပျော်ရွှ်ရွှင် ဘုရားသခင်၏ တန်ခိုးတော်က မတတ်စွမ်းနိုင်ကြောင်း သင်ကိုယ်တိုင် မှားယွင်းစွာ လက်ခံယူဆနေလို့ ဖြစ်တယ်။

သင်သည် အလွန်အမင်းစိုးရိမ်နေသူဖြစ်ပါက သင့်အတွက်ရည်ရွယ်ထားသော ဝမ်းမြောက်ခြင်းကို ဘယ်တော့မှ သင်ခံစား‌ရမှာ မဟုတ်ဘူး။ စိုးရိမ်ပူပန်ခြင်းနှင့် ဝမ်းမြောက်ခြင်းက သီးခြားစီဖြစ်တယ်။ အကြမ်းအားဖြင့် ပြောရရင် စိုးရိမ်ပူပန်ခြင်းက ယုတ္တိမရှိသော ဘုရားမဲ့ဝါဒမှလာ‌သော လက္ခဏာသွင်ပြင် တစ်ခုဖြစ်တယ်။ စိတ်ပူသောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားလဲ။

ငြိမ်သက်ခြင်းဟာ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ပြောပြထားပါတယ်။ သင်ဘုရားကို ယုံနိုင်မလား။ ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်တယ်၊ ကိုယ်တော်မတတ်နိုင်သောအရာ မရှိ၊ ကျွန်တော့ဘဝကောင်းမွန်ဖို့ အတွက် သခင့်မှာ အကြံအစည်တော်တွေရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါ၏လို့ အသံကျယ်ကျယ် ကြွေးကြော်နိုင်မလား။

သင်၏စိတ်နှလုံးနှင့်ဝိညာဥ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှာ ပြည့်ဝစွာအာရုံစိုက်လိုက်ပါက ကြောက်ရွံ့ခြင်းဒုက္ခမှ သင်လွတ်မြောက်မှာ ဖြစ်တယ်။ ‌ဘုရားသခင်က သင့်ဘဝကို အောင်မြင်ခြင်းပေးနိုင်ကြောင်း ၊ဘုရားသခင်ဘယ်သူဖြစ်ကြောင်း သင်ဝန်ခံလိုက်မည်ဆိုပါက စိတ်ပူသောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းတွေ အံ့ဩဘွယ်ရာ ပျောက်ကွယ်သွားမှာ ဖြစ်တယ်။ စိုးရိမ်ပူပန်နေတဲ့ စိတ်ခံစားချက်ရှိခဲ့တယ့်နေရာမှာ ဘာကျန်နေမည်ထင်ပါသလဲ။ ထိုနေရာမှာ ဝမ်းမြောက်ခြင်း မင်္ဂလာကို ရှာတွေ့မှာဖြစ်တယ်။
နေ့ 30

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။