YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 1:20-33

သုတ္တံ 1:20-33 JBMLE

ပ​ညာ​သည် ပြင်​မှာ​ကြွေး​ကြော်၍၊ လမ်း​ခ​ရီး​တို့၌ မိ​မိ​စ​ကား​သံ​ကို လွှင့်​တတ်၏။ လူ​စည်း​ဝေး​ရာ အ​ဦး၌​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း​ခေါ်၍ မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊ အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။ ငါ​ဆုံး​မ​သော စ​ကား​ကို နား​ထောင်၍ ပြောင်း​လဲ​ကြ​လော့။ ငါ့​ဝိ​ညာဉ်​ကို သင်​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း၍၊ ငါ့​စ​ကား၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​လည်​စေ​မည်။ ငါ​သည်​ခေါ်၍ သင်​တို့​သည်​ငြင်း​ပယ်​သော​ကြောင့်​လည်း​ကောင်း၊ ငါ့​လက်​ကို​ဆန့်၍ အ​ဘယ်​သူ​မျှ မ​မှတ်​သော​ကြောင့်​လည်း​ကောင်း၊ ငါ​သ​တိ​ပေး​ခြင်း​ရှိ​သ​မျှ​ကို သင်​တို့​သည်​ပယ်၍၊ ငါ​ဆုံး​မ​သော စ​ကား​တစ်​ခွန်း​ကို နား​မ​ခံ​ဘဲ​နေ​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​သော​အ​ခါ ငါ​ရယ်​မည်။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ရောက်​သော​အ​ခါ ငါ​ပြက်​ရယ်​ပြု​မည်။ သင်​တို့ ကြောက်​မက်​ဖွယ်​သော​အ​မှု​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​ပျက်​စီး​ခြင်း​အ​မှု​သည် လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ၍၊ သင်​တို့​သည် ဆင်း​ရဲ​ခြင်း၊ ပူ​ပန်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကို အ​လို​မ​ရှိ​ကြ။ ငါ​သ​တိ​ပေး​ခြင်း​ကို အ​လျှင်း​နား​မ​ခံ​ကြ။ ငါ​ဆုံး​မ​ခြင်း​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။ ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။ ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။

​သုတ္တံ 1:20-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။