တစ်ဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ် ရှိစေကြလော့။- သူတစ်ပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှာ သတိပြု၍၊ အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌ လည်းကောင်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။- အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။- မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။- အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။- ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။- ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။- ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။- မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။- ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော။- သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။ ညီအစ်ကိုတို့၊ ငါတို့အဖို့ ဆုတောင်းကြလော့။- ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။- ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဖတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏။- ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။ သက်သာလောနိတ်ဩဝါဒစာပထမစောင်ပြီး၏။
၁ သက်သာလောနိတ် 5 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ သက်သာလောနိတ် 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ သက်သာလောနိတ် 5:14-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ