YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 62:1-5

ဟေရှာယ 62:1-5 JBMLE

ဇိ​အုန်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့၏ ဖြောင့်​မတ်​ခြင်း​သည် ရောင်​ခြည်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏ ကယ်​တင်​ခြင်း​သည် ထွန်း​တောက်​သော ဆီ​မီး​ခွက်​ကဲ့​သို့​လည်း​ကောင်း မ​ထင်​ရှား​မီ​တိုင်​အောင် ထို​မြို့​အ​တွက် ငါ​သည် တိတ်​ဆိတ်​ငြိမ်​သက်​စွာ မ​နေ​ရ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် သင်၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​နာ​မ​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်​မည်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ တင့်​တယ်​သော ဦး​ရစ်၊ သင်၏ ဘု​ရား​သ​ခင်​ကိုင်​တော်​မူ​သော မင်း​မြောက်​သ​ရ​ဖူ ဖြစ်​လိမ့်​မည်။ သင့်​ကို၊ စွန့်​ပစ်​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်၏​မြေ​ကို၊ လူ​ဆိတ်​ညံ​သော​မြေ​ဟူ၍​လည်း​ကောင်း နောက်​တစ်​ဖန် မ​ခေါ်​ရ။ သင်​သည် ငါ​နှစ်​သက်​သော​သူ၊ သင်၏​မြေ​သည် လက်​ထပ်​သော​မြေ​ဟူ​သော​အ​မည်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှစ်​သက်​တော်​မူ၏။ သင်၏​မြေ​ကို​လည်း လက်​ထပ်​ရ​လိမ့်​မည်။ လူ​ပျို​သည် အ​ပျို​က​ညာ​နှင့် လက်​ထပ်​သ​ကဲ့​သို့၊ သင်၏​သား​တို့​သည် သင်​နှင့် လက်​ထပ်​ကြ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး၌ ဝမ်း​မြောက်​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၌​ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။