YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 21

အကျဥ်းသားတယောက်ပေးတယ့် အကြံကတော့ ထူးဆန်းတယ်နော်။ "ထာဝရဘုရား၌ အစဉ်ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်လော့။"

ဒီအရာဟာ ‌ရှင်ပေါလုရဲ့ အကြံပေးချက်ဖြစ်ပြီး ပထမရာစု အကျဥ်း‌ထောင်မှ သင်၏၂၁ရာစု နှလုံးသားထဲသို့ တိုက်ရိုက်ကြေငြာခဲ့တာဖြစ်တယ်။ "သင်ရဲ့အတွင်းစိတ်က သင့်အပြင်ပန်းသဏ္ဍာန်ကို ထင်ဟပ်စရာမလိုပါ။"

ရှင်ပေါလုက ၂ကြိမ်တိုင်တိုင်ပြောထားတယ့်အတွက်ကြောင့် ကျွန်တော်လဲထပ်ပြောမယ်။" သင်ရဲ့အတွင်းစိတ်က သင့်အပြင်ပန်းသဏ္ဍာန်ကို ထင်ဟပ်စရာမလိုပါ။ "

မနှစ်မြို့ဖွယ်အခြေအနေများနှင့်ပတ်သက်၍ စိတ်ဓာတ်ကျခြင်း သို့မဟုတ် အရေးမပါသောဖြစ်ရပ်များကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့ သွေးဆောင်ခံရမှာ အလွန်လွယ်ကူပါတယ်။ သင့်ဘဝမှာ မပျော်ရွှင်ခြင်း၊ ‌ရေရေရာရာမဖြစ်ထွန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာအားနည်းခြင်းများကို ဖြစ်ပေါ်စေသော အခြေအနေများ အမြဲရှိလိမ့်မယ်။ သင်ဝမ်းမြောက်ချီးမွမ်းခြင်းကို တားဆီးမည့် အဖြစ်အပျက် သင့်ဘဝမှာ ဘယ်တော့မှမရှိသင့်ပါ။ သင်ရဲ့ ဝမ်းမြောက်ခြင်းကိုခိုးယူမယ့် အခိုက်အတန့်များ လုံးဝမရှိသင့်ပါ။

ထာဝရဘုရားကို ချီးမွမ်းကိုးကွယ်နေမှသာလျှင် ဒီအရာဟာဖြစ်နိုင်ပါတယ်။ လူ့အားဖြင့်မဖြစ်နိုင်ပေမယ့် ဘုရားသခင်အားဖြင့်ဖြစ်နိုင်တယ်။

ဘုရားသခင်၏ မျက်နှာတော်ကို တည့်တည့်ကြည့်ရှုနေသည့် ဒေါင်လိုက်မြင်ကွင်းရဲ့ ရလဒ်က သင်၏ဝမ်းမြောက်ခြင်းဖြစ်တယ်။ သင့်ဘဝကိုအလျားလိုက်ရှုထောင့်ဖြင့်သာကြည့်ပါက ‌ခြောက်သွေ့ပြီး မြုံနေသော လွင်ပြင်တည်ရှိရာကိုသာ သင့်မျက်လုံးမြင်သလောက် ငေးကြည့်နေရပါမည်။ ဒါပေမယ့် သင်ဟာ ဖခင်မည်းတော်ရဲ့မျက်နှာတော်ကို မျှော်ကြည့်ဖို့ရွေးချယ်ပါက သူ၏ကောင်းမြတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်းမေတ္တာတို့ကို ခံစားရရှိမှာဖြစ်တယ်။

ယနေ့သင့်ဘဝကို ‌အလျားလိုက်ဖြစ်တည်မှုထက် ဒေါင်လိုက်မြင်ကွင်းဖြင့် အသက်ရှင်ဖို့ဆုံးဖြတ်ထားပါက သင်ငြီးတွားဖို့ အချိန်ရှိမှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင်က ဘုရားရဲ့ ဝမ်းမြောက်ခြင်းရှိတယ့် မျက်မှောက်တော်ထဲမှာဘဲ ပြည့်ဝနေမှာဖြစ်တယ်။ သင်ချီးမွမ်းကိုးကွယ်ခြင်းအသက်တာနဲ့ အသက်ရှင်ရင် စိတ်ပျက်ခြင်း‌က သင့်ကိုအနှောက်အယှက်ပေးတော့မှာမဟုတ်ပါ။ စိတ်ဓာတ်ကျခြင်းဟာ သင်ရဲ့ အဘိဓာန်ထဲမှာရှိတော့မှာမဟုတ်ဘဲ သင်၏ကံကြမ္မာထဲမှာ သင်ကခုန်နေမှာဖြစ်တယ်။

ကျမ်းစာများ

နေ့ 20နေ့ 22

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။